ပလောင်တိုင်းရင်းသား အများစုပါဝင်တဲ့ မြန်မာနိုင်ငံသားတွေကို ထိုင်းအာဏာပိုင်တွေ ဖမ်းဆီးအရေးယူ

0
286

ပန်းရံအလုပ်နဲ့ ကျပန်းအလုပ်တွေလုပ်ကိုင်နေကြပြီး ပလောင်တိုင်းရင်းသား အများစုပါဝင်တဲ့ မြန်မာနိုင်ငံသားတွေကို ထိုင်းနိုင်ငံအတွင်း တရားမဝင် ဝင်ရောက်နေထိုင်မှုနဲ့ ထိုင်းအာဏာပိုင်တွေက ဖမ်းဆီး အရေးယူလိုက်ပါတယ်။

အဲဒီနောက်အဲဒီအလုပ်သမားတွေကို ဖေဖော်ဝါရီ ၁၆ ရက် မွန်းလွဲပိုင်းက တာချီလိတ် မြို့ မြန်မာ-ထိုင်း ချစ်ကြည်ရေးတံတားအမှတ် (၂) မှာ လာရောက် လွှဲပြောင်းပေးအပ်ခဲ့တာပါ။ အဖမ်းဆီးခံရ သူတွေထဲမှာ မြန်မာနိုင်ငံသား အမျိုးသမီးခြောက်ဦး၊ အမျိုးသား ၁၄ ဦးနဲ့တို့ရဲ့ ရင်သွေးငယ် ဆယ်ဦးတို့ ပါဝင်ခဲ့ပါတယ်။

အဲဒီလွှဲပြောင်းခံရသူတွေကို တာချီလိတ်မြို့ရှိ တာဝန်ရှိသူတွေကစနစ်တကျ လွှဲပြောင်းလက်ခံပြီး လိုအပ်တဲ့စိစစ်မှုတွေကို ဆောင်ရွက်ပြီး နေရပ်ဒေသ အသီးသီးသို့ ပြန်နိုင်ရေးအတွက် တာချီလိတ်မြို့ရှိ တာဝန်ရှိသူတွေက စီစဉ်ဆောင်ရွက်ပေးခဲ့ကြပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)