သင်္ကြန်ကာလအတွင်း ရွှေ့ပြောင်း အလုပ်သမားတွေ အားလုံး ရက်ပေါင်း ၂၀ ကိုယ့်နိုင်ငံကို ပြန်ခွင့်ရမယ်

0
267

မြန်မာ၊ ကမ္ဘောဒီးယား ၊ လာအို သုံးနိုင်ငံရွှေ့ပြောင်း အလုပ်သမားတွေအားလုံး လာမယ့် ဧပြီ ၁ဝ ရက်မှ ၃ဝ ရက်အထိ ပန်းရောင်ဘတ်ကတ် နဲ့ ပူးတွဲပါ စာရွက်စာတမ်းတွေမှလွဲပြီး ဘယ်လို အထောက်အထားမှ ထုတ်ယူဖို့မလိုဘဲ လုပ်ငန်းရှင်က ခွင့်ပြုပါက ရက်ပေါင်း ၂ဝ ကိုယ့်နိုင်ငံကို ပြန်ခွင့်ပြုမှာ ဖြစ်ပါတယ်။

အခုလိုခွင့်ပြုချက်ကို ထိုင်းနိုင်ငံဗန်ကောက်မြို့ အလုပ်သမားဝန်ကြီးဌာနမှာ ကျင်းပခဲ့တဲ့ လေးနိုင်ငံ အစည်းအဝေးဆုံးဖြတ်လိုက်တာပါ။ ယခုနှစ် သင်္ကြန် ကာလအတွင်း အထူးအခွင့်အရေးအနေနဲ့ မြန်မာလုပ်သား တွေအဆင်ပြေလွယ်ကူစွာ အိမ်ပြန်ခွင့်ရနိုင်စေဖို့ မြန်မာနိုင်ငံ အလုပ်သမား၊ လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာနမှ တောင်း ဆိုခဲ့တာဖြစ်ပြီး၊ အပြီးသတ်ခွင့်ပြုချက်အမိန့်ကို ထိုင်းဘက်မှ ဧပြီလအတွင်း တရားဝင် ကြေညာပေး သွားမှာဖြစ်ပါတယ်။

ဒါ့အပြင်အထူး သတိပြုရမယ့်အချက်မှာ မိမိပြန်တဲ့ နယ်စပ်လမ်းကြောင်းကသာ ထိုင်းကို ပြန်လည်ဝင်ရောက်ရမှာဖြစ်ပြီး အောက်လမ်းမှမသွားဘဲ နှစ်နိုင်ငံ သတ်မှတ်ထားတဲ့နယ်စပ်ဂိတ်ပေါက် ချစ်ကြည်ရေးတံတားတွေပေါ်ကသာ ဖြတ်သန်းသွား လာရမှာဖြစ်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)