ဝမ်ပေါင်ကုမ္ပဏီနဲ့ ဒေသခံတွေအကြား တင်းမာမှုဖြစ်ပွား

0
315

ဖေဖော်ဝါရီလ(၁၉)ရက်နေ့ ညနေ(၃)နာရီလောက်က စစ်ကိုင်းတိုင်းဒေသကြီး ဆားလင်းကြီးမြို့နယ်ထဲမှာရှိတဲ့ ၀မ်ပေါင်ကုမ္ပဏီနဲ့ဒေသခံတွေအကြား တင်းမားမှုဖြစ်ပွားခဲ့ပါတယ်။

ဆားလင်းကြီးမြို့နယ် မင်းတောရွာကနေ မောင်းနှင်လာတဲ့ ကျောက်ကားတစ်စီးက မိုးကြီးပြင်အလယ်ရွာမှာ နွားတစ်ကောင်ကို တိုက်မိခဲ့ပြီး အတိုက်ခံရတဲ့ နွားသေဆုံးရာကနေ အခုလို ဒေသခံတွေနဲ့ ၀မ်ပေါင်ကုမ္ပဏီ ၀န်ထမ်းတွေကြား တင်းမားမှုဖြစ်ပေါ်ခဲ့တာပါ။

ဒေသခံတွေဘက်က ဒီနွာသေဆုံးမှုနဲ့ ပက်သက်လို့ ၀မ်ပေါင် ကုမ္ပဏီနဲ့နယ်မြေခံအာဏာပိုင်တွေကို ဖြေရှင်းပေးဖို့တောင်းဆိုနေမယ့် တာဝန်ရှိသူတွေ ဘက်က လာရောက် ဖြေရှင်းမှုတွေ မရှိခဲ့တာကြောင့် ဒေသခံ လူအင်အား(၁၅၀)ကျော်က နောက်ထပ် ကျောက်ကား အစီးရေ (၁၀၀) ကျော်ကို ပုသိမ်-မုံရွာလမ်းမပေါ်မှာ ပိတ်ဆို့ တားဆီးခဲ့ကြပါတယ်။

ဖေဖော်ဝါရီလအလယ်ခန့်ကလည်း မင်းတောရွာဒေသခံတွေနဲ့ ၀မ်ပေါင်ကုမ္ပဏီ လုပ်ငန်းခွင်ထဲက ကျောက်သယ် ကားမောင်းနှင်သူတွေ အကြား ပဋိပက္ခတွေ ရှိခဲ့ဖူးတာဖြစ်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)