မံစီမြို့နယ်အတွင်း တရားမ၀င် နွားအကောင်ရေ ၁၂၀ ဖမ်းဆီးရမိ

0
268

မံစီမြို့နယ်အတွင်း တရားမ၀င် နွားအကောင် ၁၂၀ ကိုဖမ်းဆီးရမိခဲ့ပါတယ်။

ကချင်ပြည်နယ်၊ မံစီမြို့နယ် အတွင်း နယ်မြေလုံခြုံရေးဆောင်ရွက်နေတဲ့ တပ်မတော်စစ်ကြောင်းဟာ ဖေဖော်ဝါရီ ၁၈ ရက်နေ့လည် ၂ နာရီက နန့်တန်ကျေးရွာကို ရောက်ရှိချိန်မှာ ကျေးရွာရဲ့ အရှေ့ဘက်မီတာ ၂၀၀၀ ခန့်အကွာမှာ အခုလို ဖမ်းဆီးရမိခဲ့တာပါ။

ဒါ့အပြင် နွားတွေကို တရားမဝင်ပို့ဆောင်တဲ့ ဦးမောင်စိုး၊ မိုးမိတ်မြို့နယ်၊ ပေကုန်းကျေးရွာနေသူအပါ အ၀င် ၂၉ ဦးကို သက်ဆိုင်ရာက တရားဥပဒေအရ အရေးယူထားပြီဖြစ်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)