ပဲခူးမြို့မှာ ငြိမ်းချမ်းရေးဖြစ်စဉ်နဲ့ နိုင်ငံရေးဆွေးနွေးပွဲ ကျင်းပပြုလုပ်

0
260

ဒီကနေ ဖေဖော်ဝါရီလ(၁၉)ရက်နေ့မှာ ပဲခူးတိုင်းဒေသကြီး ပဲခူးမြို့ ဥဿာကျော်ဟိုတယ်မှာ ငြိမ်းချမ်းရေး ဖြစ်စဉ်နဲ့ နိုင်ငံရေးဆွေးနွေးပွဲ မြှင့်တင်ခြင်း ငြိမ်းချမ်းရေးဖိုရမ်ပွဲ ကျင်းပနေတာဖြစ်ပါတယ်။

ဒီအခမ်းအနားမှာ ပဲခူးတိုင်းဒေသကြီး တိုင်းရင်းသားရေးဝန်ကြီး၊ တိုင်းဒေသကြီးက လွှတ်တော်အမတ်တချို့နဲ့ UPDJC ဦးလှမောင်ရွှေ အပါအဝင် ငြိမ်းချမ်းရေးလိုလားတဲ့ အရပ်ဖက်အဖွဲ့အစည်းတချို့လည်း တက်ရောက်ခဲ့ ကြပါတယ်။

ဥဿာကျော်ဟိုတယ်မှာ ငြိမ်းချမ်းရေးဖြစ်စဉ်နဲ့ နိုင်ငံရေးဆွေးနွေးပွဲ မြှင့်တင်ခြင်း ငြိမ်းချမ်းရေးဖိုရမ်ပွဲကို နံနက် (၉)နာရီမှာ စတင်ကျင်းပခဲ့ပြီး ဒီအခမ်း အနားမှာဆိုရင် တစ်ယောက်ချင်းစီအလိုက် လက်ရှိမြန်မာ့ နိုင်ငံရေးနဲ့ ငြိမ်းချမ်းရေးဖြစ်စဉ်တွေကိုလည်း ချပြဆွေးနွေးခဲ့ပါတယ်။

ဒီငြိမ်းချမ်းရေးဖြစ်စဉ်နဲ့ နိုင်ငံရေးဆွေးနွေးပွဲကို တစ်ရက်တာ ကျင်းပသွားမှာဖြစ်ပြီး လူဦးရေ(၁၅၀)နီးပါး တက်ရောက်ခဲ့ကြတာလည်း ဖြစ်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)