ထုိင္း အလွကုန္ပစၥည္း ၃ မ်ိဳးကို သံုးစြဲဖို႔ မသင့္ေၾကာင္း အစိုးရက သတင္းထုတ္ျပန္

0
2147

က်န္းမာေရးအတြက္ ေဘးအႏၱရာယ္ျဖစ္ေစႏိုင္တဲ့ တားျမစ္ဓာတုပစၥည္းေတြ ပါ၀င္ေနတဲ့အတြက္ ထုိင္း အလွကုန္ပစၥည္း ၃ မ်ိဳးကို အမ်ားျပည္သူေတြအေနနဲ႔ သံုးစြဲဖို႔ မသင့္ေၾကာင္း အစိုးရက သတင္းထုတ္ျပန္လိုက္ပါတယ္။

MEIYONG ၊ O-White နဲ႔ Dr. Yanhee စတဲ့ ထိုင္း အလွကုန္ပစၥည္း ၃ မ်ိဳးကို သံုးစြဲရန္ မသင့္ေၾကာင္း က်န္းမာေရးႏွင့္ အားကစား၀န္ႀကီးဌာန၊ အစားအေသာက္ႏွင့္ ေဆး၀ါးကြပ္ကဲေရး ဦးစီးဌာနက ထုတ္ျပန္ေၾကညာလိုက္တာပါ။

အဲ့ဒီအလွကုန္ပစၥည္းေတြဟာ အစိုးရဆီမွာ တရား၀င္ မွတ္ပံုတင္ထားတာမ်ိဳး မရွိတဲ့အျပင္ တားျမစ္ဓာတုပစၥည္းေတြ ပါ၀င္မႈေၾကာင့္ အေရျပားယားယံတာ၊ ေရာင္ရမ္းတာေတြအျပင္ ၾကြက္သားတုန္ခါတာ၊ ပင္ပန္းႏြမ္းနယ္တာေတြအျပင္ ေရရွည္သံုးစြဲပါက ေက်ာက္ကပ္ပ်က္စီးတာေတြအထိ ခံရႏိုင္တယ္လို႔လည္း ေဖာ္ျပထားပါတယ္။
………………… ။ ။ ………………..

ထိုင်း အလှကုန်ပစ္စည်း ၃ မျိုးကို သုံးစွဲဖို့ မသင့်ကြောင်း အစိုးရက သတင်းထုတ်ပြန်

ကျန်းမာရေးအတွက် ဘေးအန္တရာယ်ဖြစ်စေနိုင်တဲ့ တားမြစ်ဓာတုပစ္စည်းတွေ ပါဝင်နေတဲ့အတွက် ထိုင်း အလှကုန်ပစ္စည်း ၃ မျိုးကို အများပြည်သူတွေအနေနဲ့ သုံးစွဲဖို့ မသင့်ကြောင်း အစိုးရက သတင်းထုတ်ပြန်လိုက်ပါတယ်။

MEIYONG ၊ O-White နဲ့ Dr. Yanhee စတဲ့ ထိုင်း အလှကုန်ပစ္စည်း ၃ မျိုးကို သုံးစွဲရန် မသင့်ကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေး ဦးစီးဌာနက ထုတ်ပြန်ကြေညာလိုက်တာပါ။

အဲ့ဒီအလှကုန်ပစ္စည်းတွေဟာ အစိုးရဆီမှာ တရားဝင် မှတ်ပုံတင်ထားတာမျိုး မရှိတဲ့အပြင် တားမြစ်ဓာတုပစ္စည်းတွေ ပါဝင်မှုကြောင့် အရေပြားယားယံတာ၊ ရောင်ရမ်းတာတွေအပြင် ကြွက်သားတုန်ခါတာ၊ ပင်ပန်းနွမ်းနယ်တာတွေအပြင် ရေရှည်သုံးစွဲပါက ကျောက်ကပ်ပျက်စီးတာတွေအထိ ခံရနိုင်တယ်လို့လည်း ဖော်ပြထားပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)