
0
2052



………………….. ။ ။ …………………….

နေပြည်တော်မှာ ငလျင်ပြတ်ရွေ့ကြောတွေ့ရှိ

ပြည်ထောင်စု နယ်မြေဖြစ်တဲ့ နေပြည်တော်မှာ လွန်ခဲ့တဲ့ နှစ်ပေါင်း ၅၀ဝ ကျော်က လှုပ်ခတ်ခဲ့တဲ့ ငလျင်ပြတ်ရွေ့ကြော တစ်ခုကို ရှာဖွေတွေ့ရှိခဲ့ပါတယ်။

တောင်ငူတက္ကသိုလ် ဘူမိဗေဒဌာနက ပါမောက္ခဌာနမှူးတွေပါဝင်တဲ့ မြေငလျင်သုတေသနအဖွဲ့က သုတေသနပြုလုပ်စဉ် ပုဗ္ဗသီရိမြို့နယ်၊ ကံလှကျေးရွာအနီးမှာ ဇန်နဝါရီလ ၁၆ ရက်နေ့က အဲ့ဒီ ငလျင်ကြောကို တွေ့ရှိခဲ့တာပါ။

လက်ရှိအခြေ အနေမှာတော့ အဲ့ဒီမြေငလျင်ကြောကို သုတေသနတွေ ဆက်လုပ်သွားဖို့ ရှိနေတာဖြစ်ပါတယ်။ ဒါ့အပြင် နေပြည်တော်ဒေသရဲ့ မြေမျက်နှာသွင်ပြင် ပြောင်းလဲမှုတွေကို ကောင်းကင်ဓာတ်ပုံ မှတ်တမ်းကူး သုတေသန ပြုလုပ်နိုင်ဖို့အတွက် ခွင့်ပြုချက်တင်ထားတယ်လို့လည်း တောင်ငူတက္ကသိုလ် ဘူမိဗေဒဌာနက ကထိက ဒေါက်တာစိုးမင်းက ပြောကြားထားပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)