
0
2071



………………….. ။ ။ ……………………..

ဆောက်လုပ်ရေးဝန်ကြီးဌာနက ပြည်ပချေးငွေ စာချုပ် အများဆုံး ချုပ်ဆိုခဲ့

၂၀၁၆-၂၀၁၇ ဘဏ္ဍာရေးနှစ်အတွင်း ဆောက်လုပ်ရေးဝန်ကြီးဌာနက ပြည်ပချေးငွေ စာချုပ် အများဆုံး ချုပ်ဆိုခဲ့တယ်လို့ ပြည်ထောင်စုအစိုးရအဖွဲ့က ထုတ်ဖော်ပြောကြားလိုက်ပါတယ်။

ဇန်နဝါရီလ ၁၉ ရက်နေ့က ကျင်းပတဲ့ ပြည်ထောင်စုလွှတ်တော်အစည်းအဝေးမှာ ပြည်ထောင်စုအစိုးရအဖွဲ့က ပေးပို့တဲ့ ၂၀၁၆-၂၀၁၇ ဘဏ္ဍာရေးနှစ် အစိုးရရဲ့ ကြွေးမြီဆိုင်ရာ အစီရင်ခံစာမှာ အဲ့ဒီလို ဖော်ပြထားတာပါ။ အဲ့ဒီအစီရင်ခံစာထဲမှာပဲ ဆောက်လုပ်ရေးဝန်ကြီးဌာနက အမေရိကန်ဒေါ်လာ သန်း ၆၀ဝ ကျော်ဖိုး ပြည်ပ ချေးငွေစာချုပ်ဆိုခဲ့တာ ဖြစ်ပါတယ်။

လက်ရှိအခြေအနေမှာဆိုရင်တော့ ပြည်ထောင်စုအစိုးရအနေနဲ့ ပြည်ပချေးငွေ စာချုပ် ချုပ်ဆိုထားတဲ့ စီမံကိန်း ၁၃ ခုအထိ ရှိနေတာပါ။ အဲ့ဒီထဲက ဂျပန်အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးအေဂျင်စီရဲ့ ချေးငွေက စီမံကိန်း ၆ ခုအတွက် ပါဝင်နေပြီး အမေရိကန်ဒေါ်လာ သန်း ၁၁၀ဝ ကျော်ရှိနေပြီး အများဆုံးဖြစ်နေပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)