
0
2123



…………………. ။ ။ ………………….

ငွေဆောင်ကမ်းခြေ ဟိုတယ်ဇုန်အတွင်း သိမ်းဆည်းခံ အုန်းခြံမြေပိုင်ရှင်များ ဆန္ဒထုတ်ဖော်

ငွေဆောင်ကမ်းခြေ ဟိုတယ်ဇုန်အတွင်း သိမ်းဆည်းခံ အုန်းခြံမြေပိုင်ရှင်များက သိမ်းဆည်းခံမြေများ ပြန်လည်ရရှိရေးအတွက် ဒီကနေ့ ဇန်နဝါရီလ ၂၀ ရက်နေ့မှာ ဆန္ဒထုတ်ဖော်ခဲ့ကြပါတယ်။

ဒေသခံ ၂၄၈ ဦးရဲ့ ကန့်ကွက်မှုကြောင့် တိုင်းဒေသကြီးအစိုးရအဖွဲ့က ဟိုတယ်ဇုန်အတွင်း အဆောက်အဦ အသစ် မဆောက်ဖို့ တားမြစ်ထားပေမယ့် ဟိုတယ်လုပ်ငန်းရှင်အချို့က ဆက်လက်ဆောက်လုပ်နေတဲ့အတွက် ဒေသခံပြည်သူတွေက ဆန္ဒထုတ်ဖော် ခဲ့ကြတာပါ။

မြေယာလျော်ကြေးအငြင်းပွားမှုတွေ ရှိနေတာကြောင့် တိုင်းဒေသကြီးအစိုးရကို ကန့်ကွက်စာတင်ထားခဲ့ပေမယ့် သက်ဆိုင်ရာ မြေစစ်ကော်မတီတွေရဲ့ လုပ်ကိုင်ဆောင်ရွက်မှုတွေဟာ အားနည်းချက်တွေ ရှိနေတဲ့အတွက် အခုလို ဆန္ဒထုတ်ဖော်ခဲ့ကြတာ ဖြစ်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)