၆ လအတွင်း ကုန်သွယ်မှုလိုငွေ အမေရိကန်ဒေါ်လာ ၂၃၀၀ သန်း ကျော်ရှိ

0
2065

NLD အစိုးရလက်ထက် ၆ လအတွင်း ကုန်သွယ်မှုလိုငွေ အမေရိကန်ဒေါ်လာ  ၂၃၀၀ သန်း ကျော် ရှိခဲ့တယ်လို့ ဗဟိုစာရင်းအင်းအဖွဲ့က ဖော်ပြလိုက်ပါတယ်။



…………………… ။ ။ ……………………..

၆ လအတွင်း ကုန်သွယ်မှုလိုငွေ အမေရိကန်ဒေါ်လာ ၂၃၀ဝ သန္း ကျော်ရှိ

NLD အစိုးရလက်ထက် ၆ လအတွင်း ကုန်သွယ်မှုလိုငွေ အမေရိကန်ဒေါ်လာ ၂၃၀ဝ ကျော် ရှိခဲ့တယ်လို့ ဗဟိုစာရင်းအင်းအဖွဲ့က ဖော်ပြလိုက်ပါတယ်။

ဇန်နဝါရီလ ၂၀ ရက်နေ့ထုတ် နိုင်ငံပိုင်သတင်းစာတွေမှာ ဖော်ပြလာတာပါ။ ဒီလိုဖော်ပြရာမှာတော့ မြန်မာနိုင်ငံရဲ့ စုစုပေါင်း ပို့ကုန်တန်ဖိုးက ၆ လအတွင်း အမေရိကန်ဒေါ်လာ ၈၁၅၉ သန်းကျော်နဲ့ စုစုပေါင်း သွင်းကုန်တန်ဖိုးက ၆ လအတွင်း အမေရိကန်ဒေါ်လာ ၁၀၅၀၃ သန်းရှိခဲ့တာပါ။

ဒါကြောင့်၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်အစ ဧပြီလကနေ အောက်တိုဘာလအထိ ၆ လ အတွင်း အမေရိကန်ဒေါ်လာ ၂၃၄၄ ဒသမ ၃ သန်း ရှိခဲ့တာဖြစ်ပါတယ်။ ဒါကြောင့် ဘဏ္ဍာနှစ်တစ်နှစ်လုံးမှာ ကုန်သွယ်မှုလိုငွေ အမေရိကန်ဒေါ်လာ သန်း ၆၀ဝ၀ ကျော် ရှိလာနိုင်ချေရှိနေတာဖြစ်ပါတယ်။

NLD အစိုးရ စတင် တာဝန်ယူခဲ့တဲ့ ပြီးခဲ့တဲ့ ၂၀၁၆-၂၀၁၇ ဘဏ္ဍာရေးနှစ်တုန်းကတော့ လည်း စုစုပေါင်း ပြည်ပကုန်သွယ်မှုလိုငွေ အမေရိကန် ဒေါ်လာ သန်းပေါင်း ၅၅၀ဝ ကျော်ရှိခဲ့တာပါ။ ပြီးခဲ့တဲ့ အစိုးရ လက်ထက်ဖြစ်တဲ့ ၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ်မှာတုန်းကတော့ ပြည်ပ ကုန်သွယ်မှုလိုငွေ အမေရိကန်ဒေါ်လာ သန်းပေါင်း ၅၀ဝ၀ ကျော်ရှိခဲ့တာကြောင့် နှစ်စဉ် ကုန်သွယ်မှုလိုငွေ သန်း ၅၀ဝ နီးပါး မြင့်တက်လာနေတာ ဖြစ်ပါတယ်

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)