
0
2145



…………………… ။ ။ …………………….

တရုတ်နိုင်ငံမှာကျင်းပတဲ့ အလှမယ် ပြိုင်ပွဲမှာ မြန်မာနိုင်ငံက ဆု ရရှိ

တရုတ်နိုင်ငံ နန်ကျင်းမြို့မှာ ကျင်းပခဲ့တဲ့ Miss All Nations ပြိုင်ပွဲကြီးမှာ မြန်မာနိုင်ငံ ကိုယ်စားပြု ရှမ်းတိုင်းရင်းသူလေး နန်းမွေခမ်း က Miss Eco Tourism ဆု နဲ့ Miss Miaoyu ဆု နှစ်ဆု ရရှိသွားခဲ့ပါတယ်။

မြန်မာနိုင်ငံကိုယ်စားပြု အလှမယ် နန်းမွေခမ်း ဟာ Best in Talent ထိပ်ဆုံး ခြောက်ဦး စာရင်းဝင်အဖြစ် ရွေးချယ်ခံ ရပြီး ရှမ်းရိုးရာဝတ်စုံ National Costume ကြောင့် ပရိသတ်များအကြား ရေပန်းစားခဲ့ပါတယ်။

Miss All Nations ပြိုင်ပွဲကြီး ရဲ့ ထိပ်ဆုံးလက်ရွေးစင် ၁၁ ဦး စာရင်းမှာလည်းပါဝင်ခဲ့ပြီး Miss All Nations Organization ရဲ့ Activity များနဲ့ ပွဲအခမ်းအနားများကို ချစ်ကြည်ရေး သံတမန်တစ်ဦးအဖြစ် တက်ရောက်ဖို့ရွေးချယ်ခံရပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)