
0
2058



…………………. ။ ။ ………………….

ခေတ်နောက်ကျနေတဲ့ အတွေးအခေါ်ဟောင်းတွေကို ပြင်ဖို့လို

ခေတ်နောက်ကျနေတဲ့ အတွေးအခေါ်ဟောင်းတွေကို ပြင်ဖို့လိုအပ်သလို မှားယွင်းနေတဲ့ စိတ်ထားတွေ ကို ပြောင်းလဲဖို့ လိုအပ်တယ်လို့ တိုင်းရင်းသားလူမျိုးများရေးရာ ပြည်ထောင်စုဝန်ကြီး နိုင်သက်လွင်က ပြောကြားလိုက်ပါတယ်။

ဇန်နဝါရီလ ၁၉ ရက်နေ့က နေပြည်တော်မှာ ကျင်းပခဲ့တဲ့ တိုင်းရင်းသားလူမျိုးများ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်မှုဖိုရမ်မှာ ပြောကြားလိုက်တာပါ။

အဲ့ဒီ ပြောကြားဆိုချက်ထဲမှာတော့ တိုင်းရင်းသားအခွင့်အရေးဆိုတာဟာ တည်ဆဲ ဥပဒေတွေကို မဆန့်ကျင်သမျှသာ တိုင်းရင်းသားတွေရဲ့ ရပိုင်ခွင့်အဖြစ် ဥပဒေမှာ ပြဌာန်းထားတယ်လို့လည်း ပြည်ထောင်စုဝန်ကြီးက ထည့်သွင်း ပြောကြားခဲ့တာဖြစ်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)