အာဆီယံစီးပြားေရး အသိုက္အ၀န္း ေဖာ္ေဆာင္ရာမွာ အားနည္းခ်က္ေတြ ရွိေန

0
2080

အာဆီယံစီးပြားေရး အသိုက္အ၀န္း (AEC) ေဖာ္ေဆာင္ရာမွာ ျမန္မာႏိုင္ငံအေနနဲ႔ အားနည္းခ်က္ေတြ ရွိေနတယ္လို႔ စီမံ/ဘ႑ာ ျပည္ေထာင္စု၀န္ႀကီး ဦးေက်ာ္၀င္းက ေျပာၾကားလိုက္ပါတယ္။

ဇန္န၀ါရီလ ၁၉ ရက္ေန႔က ေနျပည္ေတာ္မွာျပဳလုပ္တဲ့ အာဆီယံစီးပြားေရး အသိုက္အ၀န္း (AEC) အေကာင္အထည္ေဖာ္ေရး လုပ္ငန္းေကာ္မတီညႇိႏိႈင္းအစည္းအေ၀းမွာ ၀န္ႀကီးက ေျပာၾကားလိုက္တာပါ။ ဒီလိုေျပာၾကားရာမွာေတာ့ အားနည္းခ်က္ေတြ ကိုယ္စီရွိေပမယ့္ ဖြံ႔ၿဖိဳးတိုးတက္မႈရရွိေအာင္ ေဆာင္ရြက္ဖို႔နဲ႔ အႏွစ္သာရ က်န္ရစ္ေအာင္ ေဆာင္ရြက္ဖို႔ကိုလည္း ေျပာၾကားခဲ့တာပါ။

ဒါ့အျပင္ (AEC) အေကာင္အထည္ေဖာ္ရာမွာ အေသးစားနဲ႔ အလတ္စား လုပ္ငန္းေတြ ဖြံ႔ၿဖိဳးတိုးတက္ဖို႔ လိုအပ္တဲ့ အရင္းအႏွီး၊ နည္းပညာနဲ႔ ေစ်းကြက္တို႔ကို ဦးစားေပး ေဆာင္ရြက္ၾကဖို႔ကိုလည္း ထည့္သြင္းေျပာၾကားခဲ့တာပါ။

အာဆီယံအဖြဲ႔ႀကီးအေနနဲ႔ အာဆီယံစီးပြားေရး အသိုက္အ၀န္း (AEC) ကို လာမယ့္ ၂၀၂၅ ခုႏွစ္အထိ ေဒသတြင္းမွာ အေကာင္အထည္ေဖာ္ဖို႔ ဆံုးျဖတ္ ထားတာ ျဖစ္ပါတယ္။
…………………… ။ ။ ……………………

အာဆီယံစီးပွားရေး အသိုက်အဝန်း ဖော်ဆောင်ရာမှာ အားနည်းချက်တွေ ရှိနေ

အာဆီယံစီးပွားရေး အသိုက်အဝန်း (AEC) ဖော်ဆောင်ရာမှာ မြန်မာနိုင်ငံအနေနဲ့ အားနည်းချက်တွေ ရှိနေတယ်လို့ စီမံ/ဘဏ္ဍာ ပြည်ထောင်စုဝန်ကြီး ဦးကျော်ဝင်းက ပြောကြားလိုက်ပါတယ်။

ဇန်နဝါရီလ ၁၉ ရက်နေ့က နေပြည်တော်မှာပြုလုပ်တဲ့ အာဆီယံစီးပွားရေး အသိုက်အဝန်း (AEC) အကောင်အထည်ဖော်ရေး လုပ်ငန်းကော်မတီညှိနှိုင်းအစည်းအဝေးမှာ ဝန်ကြီးက ပြောကြားလိုက်တာပါ။

ဒီလိုပြောကြားရာမှာတော့ အားနည်းချက်တွေ ကိုယ်စီရှိပေမယ့် ဖွံ့ဖြိုးတိုးတက်မှုရရှိအောင် ဆောင်ရွက်ဖို့နဲ့ အနှစ်သာရ ကျန်ရစ်အောင် ဆောင်ရွက်ဖို့ကိုလည်း ပြောကြားခဲ့တာပါ။

ဒါ့အပြင် (AEC) အကောင်အထည်ဖော်ရာမှာ အသေးစားနဲ့ အလတ်စား လုပ်ငန်းတွေ ဖွံ့ဖြိုးတိုးတက်ဖို့ လိုအပ်တဲ့ အရင်းအနှီး၊ နည်းပညာနဲ့ ဈေးကွက်တို့ကို ဦးစားပေး ဆောင်ရွက်ကြဖို့ကိုလည်း ထည့်သွင်းပြောကြားခဲ့တာပါ။ အာဆီယံအဖွဲ့ကြီးအနေနဲ့ အာဆီယံစီးပွားရေး အသိုက်အဝန်း (AEC) ကို လာမယ့် ၂၀၂၅ ခုနှစ်အထိ ဒေသတွင်းမှာ အကောင်အထည်ဖော်ဖို့ ဆုံးဖြတ် ထားတာ ဖြစ်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)