မလေးရှားဝန်ကြီးချုပ် ဘင်္ဂါလီပြဿနာကို အသုံးချပြီး နိုင်ငံရေးအမြတ်ထုတ်နေတယ်လို့ မြန်မာ တုံ့ပြန်ဝေဖန်

0
245

မလေးရှားဝန်ကြီးချုပ် နာဂျစ်ရာဇတ်ဟာ ဘင်္ဂါလီပြဿနာကိုအသုံးချပြီး နိုင်ငံရေးအမြတ်ထုတ်နေတယ်လို့ မြန်မာနိုင်ငံရေးဝန်ကြီးဌာနက ပြောကြားလိုက်ပါတယ်။
နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ဒေါ်အေးအေးစိုးက AFP သတင်းဌာနနဲ့ တွေ့ဆုံစဉ်မှာ အဲဒီလို ပြောကြားခဲ့တာပါ။

ရခိုင်ပြည်နယ်၊ မောင်တောဒေသမှာ နယ်ခြားစောင့်စခန်း အကြမ်းဖက်စီးနင်းတိုက်ခိုက်ခံရတဲ့ အောက်တိုဘာလ ၉ ရက်နေ့ နောက်ပိုင်းကတည်းက ဘင်္ဂါလီအရေးနဲ့ပတ်သက်ပြီး မြန်မာအစိုးရအပေါ် ဝေဖန်မှုတွေ လုပ်လာခဲ့တာ ဖြစ်ပါတယ်။

ဇန်နဝါရီ ၁၉ ရက်နေ့မှာ အစ္စလာမ်မစ် ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ (OIC)ရဲ့ အစည်းအဝေးမှာလည်း နာဂျစ်ရာဇတ်က မြန်မာနိုင်ငံအပေါ် ပြင်းပြင်းထန်ထန် ဝေဖန်တာတွေ ရှိခဲ့ပါတယ်။

နာဂျစ်ရာဇတ်ဟာ “အာဆီယံမူတွေကို ချိုးဖောက်ပြီး သူ့ရဲ့ နိုင်ငံရေးအကျိုးအမြတ်အတွက် မြန်မာနိုင်ငံကို အသုံးချနေတာ”လို့ နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ ပြောရေးဆိုခွင့်ရှိသူ ဒေါ်အေးအေးစိုးက ပြောကြားခဲ့ပါတယ်။ အိမ်နီးချင်းနိုင်ငံကောင်းတစ်ခုလို ဆွေးနွေးတာမျိုးမရှိဘဲ ယုံကြည်စိတ်ချမှုမရှိတဲ့ သတင်းရင်းမြစ်တွေက လာတဲ့သတင်းတွေ အပါအဝင် နေရာအစုံက သတင်းတွေကို အခြေခံပြီး ဝေဖန်နေတဲ့အတွက် အရမ်းဝမ်းနည်းလို့လည်း ဒေါ်အေးအေးစိုးက ပြောကြားခဲ့ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)