ဘူးသီးတောင်၊ မောင်တော ဒေသခံတွေအတွက် အင်ဒိုနီးရှားက စာသင်ကျောင်းနဲ့ ထောက်ပံ့ပစ္စည်းတွေ လှူဒါန်း

0
334

မောင်တောနဲ့ ဘူးသီးတောင် မြို့နယ်တွေမှာရှိတဲ့ ဒေသခံတွေအတွက် အင်ဒိုနီးရှားအစိုးရက လှူဒါန်းတဲ့ ထောက်ပံ့ပစ္စည်းတွေနဲ့၊ စာသင်ကျောင်း နှစ်ကျောင်းကို မနက်ဖြန် ဇန်နဝါရီ ၂၁ ရက်နေ့မှာ မြန်မာအစိုးရကို လွှဲပြောင်းပေးအပ်ပွဲ ပြုလုပ်သွားမှာဖြစ်ပါတယ်။

လွှဲပြောင်းပေးအပ်ပွဲအခမ်းအနားကို ရခိုင်ပြည်နယ်၊ စစ်တွေမြို့မှာ ကျင်းပသွားမှာပါ။

အာဆီယံအဖွဲ့ဝင်နိုင်ငံ အင်ဒိုနီးရှားဟာ မြန်မာအစိုးရက ချမှတ်ထားတဲ့ မူဝါဒတွေနဲ့အညီ ခွင့်ပြုချက်တောင်းခံပြီး လှူဒါန်းဖို့ ဆောင်ရွက်ခဲ့တာဖြစ်ပြီး လှူဒါန်းမယ့် ကျောင်းနှစ်ကျောင်းကို အင်ဒိုနီးရှား NGO အဖွဲ့အစည်း PKPU က ဆောက်လုပ်ပေးခဲ့တာ ဖြစ်ပါတယ်။

လှူဒါန်းပစ္စည်းတွေနဲ့ စာသင်ကျောင်း လွှဲပြောင်းပေးအပ်ပွဲကို အင်ဒိုနီးရှား နိုင်ငံခြားရေးဝန်ကြီး ရက်နိုမာဆူဒီက တက်ရောက်ပြီး လွှဲပြောင်းပေးမှာဖြစ်ပြီး မြန်မာနိုင်ငံကိုယ်စား လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီး ဒေါက်တာ ဝင်းမြတ်အးက လက်ခံသွားမှာ ဖြစ်ပါတယ်။

လက်ရှိမှာ မလေးရှားနိုင်ငံကလည်း ရခိုင်ပြည်နယ်က အသိုက်အဝိုင်းနှစ်ဖက်စလုံးအတွက် ထောက်ပံ့ကူညီပစ္စည်းတွေပါတဲ့ သင်္ဘောတစ်စင်း စေလွှတ်ဖို့ မြန်မာအစိုးရဆီမှာ တရားဝင်ခွင့်ပြုချက် တောင်းခံထားပြီး စည်းကမ်းနဲ့အညီ ဖြန့်ဝေပို့ဆောင်နိုင်ဖို့ မလေးရှားသံရုံးနဲ့ ဆက်သွယ်လျက်ရှိတယ်လို့ နိုင်ငံတော်အတိုင်ပင်ခံရုံး သတင်းထုတ်ပြန်ရေး ကော်မတီက ဒီကနေ့ ဇန်နဝါရီ ၂၀ ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)