မျိုးကိုကိုစန်း ဖမ်းဆီးထိန်းသိမ်းခံရတာနဲ့ ပတ်သက်ပြီး သတင်းစာ ရှင်းလင်းပွဲလုပ်မယ်

0
374

ဖမ်းဆီး ထိန်းသိမ်း ခံရမှုနဲ့ပတ်သက်ပြီး အလှမယ် မျိုးကိုကိုစန်းက သတင်းစာရှင်းလင်းပွဲ တစ်ခု ပြုလုပ်ဖို့ ရှိနေပါတယ်။


(ဓာတ်ပုံ – Myo Ko Ko San လူမှုကွန်ရက် စာမျက်နှာ)

လာမယ့် တနင်္လာနေ့လောက်မှာ မြန်မာဂျာနယ်လစ်ကွန်ရက် ရုံးခန်းမှာ သတင်းစာရှင်းလင်းပွဲ ပြုလုပ်ဖို့ရှိနေပြီး လက်ရှိအခြေအနေမှာတော့ မန္တလေးကနေ မိခင်ဖြစ်သူ ရောက်အလာကို စောင့်နေတယ်လို့ ဥပဒေအကြံပေး ဦးအောင်ဇင်က MCN သတင်းဌာနကို ပြောပါတယ်။

မျိုးကိုကိုစန်း အနေနဲ့ ပြန်လည် တရားစွဲဆိုတာမျိုး မလုပ်လိုပေမဲ့လည်း ဆက်သွယ်ရေးဥပဒေ ပုဒ်မ (၆၆) (ဃ) ကြောင့် ထိခိုက်နစ်နာမှုတွေအတွက် ဥပဒေရဲ့ ကုစားပေးမှုမျိုး လိုအပ်တယ်လို့လည်း ဦးအောင်ဇင်က ပြောပါတယ်။ အလှမယ် မျိုးကိုကိုစန်းကို Cele Cele Small Page ရဲ့ Admin ဆိုတဲ့ စွပ်စွဲချက်နဲ့ သရုပ်ဆောင် ၀တ်မှုံရွှေရည်က အမှုဖွင့်တိုင်ကြားခဲ့ကြောင့် ဇန်န၀ါရီလ (၁၇) ရက်နေ့က စတင် ဖမ်းဆီးစစ်ဆေးခဲ့တာပါ။

ဖမ်းဆီး စစ်ဆေးမှုတွေပြုလုပ်အပြီး ဇန်န၀ါရီလ (၂၀) ရက်နေ့မှာ အချုပ်ကနေ ပြန်လည် လွတ်မြောက်လာတာပါ။ အဲ့ဒီလို ပြန်လည် လွတ်မြောက်လာအပြီး ဥပဒေအကြံပေးတွေအပါဝင် လိင်တူချစ်သူ LGBT အရေး ဆောင်ရွက်နေကြတဲ့ အရပ်ဖက်လူမှုအဖွဲ့အစည်းတွေက ပုဂ္ဂိုလ်တွေနဲ့ တွေ့ဆုံမှုတွေရှိပြီး ဖမ်းဆီးထိန်းသိမ်းခံရမှုနဲ့ပတ်သက်ပြီး မြန်မာ LGBT အခွင့်အရေးဆိုင်ရာ ကွန်ရက်ကလည်း ကြေညာချက် တစ်စောင် ထုတ်ပြန်ထားပါတယ်။

မျိုးကိုကိုစန်းဟာ ၂၀၁၃ခုနှစ်က ကျင်းပခဲ့တဲ့ Miss Rainbow Ribbon Myanmar 2013 ပြိုင်ပွဲမှာ Crown ရရှိခဲ့ပြီး ထိုင်းနိုင်ငံ ပတ္တရားမြို့မှာ ကျင်းပခဲ့တဲ့ ဂေးအလှမယ်တွေသာ ယှဉ်ပြိုင်ရတဲ့ Miss International Queen 2014 ပြိုင်ပွဲကိုလည်း ဝင်ရောက်ယဉ်ပြိုင်ခဲ့သူ တစ်ဦးဖြစ်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)