မျိုးကိုကိုစန်း ဖမ်းဆီးခံရတဲ့ကိစ္စ တည်ဆဲဥပဒေကို အလွဲသုံးစားလုပ်တာလို့ မြန်မာ LGBT အခွင့်အရေးဆိုင်ရာ ကွန်ရက် ထုတ်ပြန်

0
332

Miss International Queen 2014 ဖြစ်သူ မျိုးကိုကိုစန်း ဖမ်းဆီးခံခဲ့ရတဲ့ ကိစ္စဟာ တရားရေးဝန်ထမ်းနဲ့ ရဲတပ်ဖွဲ့ဝင်တွေက တည်ဆဲဥပဒေကို အလွဲသုံးစားလုပ်ပြီး နိုင်ငံသားတွေရဲ့ လုံခြုံရေးကို ခြိမ်းခြောက်ထိပါးခဲ့တာလို့ မြန်မာ LGBT အခွင့်အရေးဆိုင်ရာ ကွန်ရက်က ဒီကနေ့ ဇန်နဝါရီ ၂၀ ရက်နေ့မှာ ထုတ်ပြန်လိုက်ပါတယ်။

မျိုးကိုကိုစန်းဟာ ဇန်နဝါရီ ၁၇ ရက်နေ့က ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ကနေ ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်ကို ရောက်ရှိချိန်မှာ အရပ်ဝတ်နဲ့  ရဲတွေက ခေါ်ယူဖမ်းဆီးခဲ့တာပါ။

မျိုးကိုကိုစန်းကို သရုပ်ဆောင် ဝတ်မှုန်ရွှေရည်က Cele Cele Small လူမှုကွန်ရက် စာမျက်နှာရဲ့ Admin အဖြစ် စွပ်စွဲပြီး ဆက်သွယ်ရေးဥပဒေ ပုဒ်မ ၆၆(ဃ)နဲ့ တိုင်ကြားခဲ့တာ ဖြစ်ပါတယ်။

မျိုးကိုကိုစန်းကို ရဲတပ်ဖွဲ့က အများပြည်သူသွားလာနေတဲ့ နေရာမျိုးမှာ နာမည်၊ ရာထူးနဲ့ ဖမ်းဆီးတဲ့ အကြောင်းရင်းကို မပြောဘဲ ဖမ်းဆီးခဲ့တာဖြစ်သလို တရားရုံးမှာ ရမန်ယူရာမှာလည်း မျိုးကိုကိုစန်း ဘက်က ရှေ့နေကို တရားရုံးက လျှောက်ထားခွင့်မပြုခဲ့ပါဘူး။ ဒါ့အပြင် ၂၄ နာရီအတွင်း တိကျသေချာတဲ့စစ်ဆေးမှုမျိုး မရှိတဲ့အပြင် ချုပ်ရက် ရမန် ရက်များစွာာ တောင်းခံခဲ့တာတွေဟာ တရားရေးဝန်ထမ်းနဲ့ ရဲတပ်ဖွဲ့ဝင်တွေရဲ တည်ဆဲဥပဒေကို အလွဲသုံးစားလုပ်ပြီး ဥပဒေပါ ပြဋ္ဌာန်းချက်တွေကို မလိုက်နာတာလို့ မြန်မာ LGBT အခွင့်အရေးဆိုင်ရာ ကွန်ရက်ရဲ့ ထုတ်ပြန်ချက်ထဲမှာ ဖော်ပြထားပါတယ်။

ဒါကြောင့် ဥပဒေပြုအဖွဲ့အစည်းတွေ၊ တရားရေးဝန်ထမ်းတွေ၊ ရဲတပ်ဖွဲ့နဲ့ အုပ်ချုပ်ရေးအဖွဲ့တွေအနေနဲ့ ပုဒ်မ ၆၆(ဃ)ကို ပြင်ဆင်ပြောင်းလဲကြဖို့နဲ့ မြန်မာနိုင်ငံသားတွေ မတရားတဲ့ ဥပဒေသုံးပြီး လူ့အခွင့်အရေးနဲ့ လူ့ဂုဏ်သိက္ခာချိုးဖော်ကမခံရအောင် တရားဥပဒေစိုးမိုးရေးကို ထိထိရောက်ရောက် ဆောင်ရွက်ပေးဖို့လည်း တောင်းဆိုထားပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)