ပြည်ခိုင်ဖြိုးပါတီက နိုင်ငံတော်လုံခြုံရေးနှင့် တရားဥပဒေစိုးမိုးရေးဆိုင်ရာ ဆွေးနွေးပွဲ ကျင်းပဖို့ရှိ

0
268

ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေး ပါတီက ကြီးမှူးပြီး နိုင်ငံတော်လုံခြုံရေးနှင့် တရားဥပဒေစိုးမိုးရေးဆိုင်ရာ ဆွေးနွေးပွဲတစ်ရပ်ကို ဇန်နဝါရီ ၂၃ ရက်နေ့မှာ ကျင်းပဖို့ရှိနေပါတယ်။

အဲဒီဆွေးနွေးပွဲကို ဇန်နဝါရီ ၂၃ ရက်နေ့ နံနက်ပိုင်းမှာ ဗဟန်းမြို့နယ်၊ သံလွင်လမ်းမှာရှိတဲ့ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေး ပါတီဌာနချုပ် ရုံးခွဲမှာ ကျင်းပသွားမှာပါ။

ပြည်ခိုင်ဖြိုးပါတီဟာ ၂၀၁၆ ခုနှစ် သြဂုတ်လ ၂၃ ရက်နေ့က ကျင်းပတဲ့ ဒုတိယအကြိမ် ပါတီညီလာခံ ဒုတိယနေ့မှာ ပါတီဗဟိုအလုပ်အမှုဆောင် အဖွဲ့သစ်တွေ ရွေးချယ်ခဲ့ပြီး ဗိုလ်မှူးချုပ်ဟောင်း ဦးသန်းဌေးကို ပါတီဥက္ကဋ္ဌအဖြစ် တင်မြှောက်ခဲ့ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)