ရခိုင်ပြည်နယ် တိုးတက်ရေးအတွက် OIC ဝိုင်းဝန်းဆောင်ရွက်ဖို့ အင်ဒိုနီးရှား နိုင်ငံခြားရေးဝန်ကြီး တိုက်တွန်း

0
241

ရခိုင်ပြည်နယ်အတွင်းက အခြေအနေတွေ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်ပေးကြဖို့ အစ္စလာမ်မစ်ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ (OIC)ရဲ့ အစည်းအဝေးမှာ အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီး ရက်နိုမာဆူဒီက ပြောကြားလိုက်ပါတယ်။

မလေးရှားနိုင်ငံ၊ ကွာလာလမ်ပူမြို့မှာ ကျင်းပတဲ့ OIC ရဲ့ နိုင်ငံခြားရေးဝန်ကြီးများ ကောင်စီ အစည်းအဝေးမှာ ရခိုင်ပြည်နယ်က ဘင်္ဂါလီတွေနဲ့ပတ်သက်ပြီး ရက်နိုမာဆူဒီက ပြောကြားခဲ့တာပါ။

အင်ဒိုနီးရှားအနေနဲ့ ရခိုင်ပြည်နယ်အတွင်းက လုံခြုံရေးနဲ့ လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အခြေအနေတွေအပေါ် စိုးရိမ်တယ်လို့လည်း မာဆူဒီက ပြောဆိုခဲ့ပါတယ်။

” OIC အနေနဲ့ အပြုသဘောဆောင်ပြီး အားလုံးပါဝင်တဲ့ ဆောင်ရွက်မှုတွေ လုပ်ဆောင်ခြင်းအားဖြင့်ပဲ ရခိုင်ပြည်နယ်တွင်းက အခြေအနေတွေ တိုးတက်ရေးမှာ ပါဝင်လို့ရမှာ ဖြစ်တယ်”လို့လည်း မာဆူဒီက ပြောကြားခဲ့ပါတယ်။

အင်ဒိုနီးရှား နိုင်ငံခြားရေးဝန်ကြီး ရက်နိုမာဆူဒီဟာ ဒီဇင်ဘာ ၆ ရက်နေ့က မြန်မာနိုင်ငံကို လာရောက်ပြီး နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်နဲ့ နိုင်ငံခြားရေးဝန်ကြီးဖြစ်သူ ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံကာ ရခိုင်ပြည်နယ်က ဘင်္ဂါလီတွေအရေး ဆွေးနွေးခဲ့ပါတယ်။ ဒါ့အပြင် အခု OIC အစည်အဝေး အပြီးမှာလည်း အင်ဒိုနီးရှားသမ္မတ ဂျိုကို ဝီဒိုဒိုခွင့်ပြုထားတဲ့ အကူအညီတွေ ရခိုင်ပြည်နယ်အတွက် ပေးပို့ဖို့ စစ်တွေကို လာဖို့ ရှိနေပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)