အကျဉ်းထောင်နဲ့ အချုပ်ခန်းတွေမှာ LGBT တွေအတွက် သီးသန့်ခန်းတွေ ထားပေးဖို့ တောင်းဆိုသွားမယ်

0
325

အကြောင်းအမျိုးမျိုးကြောင့် အမှုအခင်းတွေနဲ့ ရင်ဆိုင်နေရတဲ့ LGBT တွေအတွက် မြို့နယ်တိုင်းမှာ ရှိတဲ့ အချုပ်ခန်းတွေနဲ့ အကျဉ်းထောင်တွေမှာ သီးသန့် အခန်းတွေ ထားရှိပေးဖို့ လိုအပ်နေတယ်လို့ LGBT ကွန်ရက်အဖွဲ့ဝင်တစ်ဦးဖြစ်တဲ့ မရှင်းသန့်က MCN သတင်းဌာနကို ပြောပါတယ်။


(ဓာတ်ပုံ – Shin Thant လူမှုကွန်ရက် စာမျက်နှာ)

“ ကာကံရှင် LGBT ရဲ့ ဆန္ဒအရ သူ့နေချင်တဲ့ နေရာမှာ နေလို့ရအောင်ပါ။ အမျိုးသားက အမျိုးသမီးလို ၀တ်ဆင်ထားပြီး အမျိုးသားခန်းထဲမှာ နေရင် မလုံခြုံဘူးလေ။ ဒီလိုမျိုးပဲ အမျိုးသမီးကနေ အမျိုးသားစိတ်ပေါက်ပြီး အမျိုသားလို ဝတ်ဆင်ထားပေမဲ့ သူလည်း အမျိုးသားခန်းမှာနေလို့ မသင့်တော်ဘူးလေ။ အဲ့ဒါကြောင့် သီးသန့်အခန်းတွေလုပ်ပေးဖို့ လိုအပ်နေတာပါ။ လုပ်ပေးဖို့အတွက်လည်း စုပေါင်းပြီး ထုတ်ပြန်ချက်ထုတ်ပြီး တောင်းဆိုသွားဖို့ရှိပါတယ်”လို့ သူကပြောပါတယ်။

မကြာသေးမီရက်ပိုင်းက ပုဒ်မ ၆၆ (ဃ) နဲ့ ထိန်းသိန်းခံခဲ့ရတဲ့ LGBT တစ်ဦးဖြစ်သူ မျိုးကိုကိုစန်းကို အမျိုးသမီးအခန်းမှာ ထားရှိခဲ့တာနဲ့ ပက်သက်ပြီး ပြည်သူလူထုရဲ့ ဝေဖန်မှုတွေ မြင့်တက်ခဲ့ပြီးနောက်ပိုင်းမှာ LGBT ကွန်ရက်အဖွဲ့ဝင်တစ်ဦးဖြစ်တဲ့ မရှင်းသန့်ကအခု လိုပြောကြားခဲ့တာပဲဖြစ်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)