ဥပဒေဘောင်အတွင်းကနေ ပြန်လာမယ်လို့ အလှမယ် မျိုးကိုကိုစန်း ပြောကြား

0
319

ဥပဒေဘောင်အတွင်းက ပြန်လာမယ်လို့ အလှမယ် မျိုးကိုကိုစန်းက ပြောကြားလိုက်ပါတယ်။

ရန်ကင်းမြို့နယ်ရဲစခန်းက ပုဒ်မ ၆၆ (ဃ) နဲ့ တရားစွဲဆိုခံရပြီး ဖမ်းဆီးထိန်းသိမ်းတာ ခံခဲ့ရတဲ့ အလှမယ် မျိုးကိုကိုစန်းက ပြန်လည်လွတ်မြောက်အလာမှာ သူ့ရဲ့ Facebook လူမှုကွန်ရက်စာမျက်နှာကနေ အဲ့ဒီလို ပြောကြားလိုက်တာပါ။

အလှမယ် မျိုးကိုကိုစန်းအနေနဲ့ လာမယ့် ရက်ပိုင်းအတွင်းမှာ သတင်းစာရှင်းလင်းပွဲ ပြုလုပ်သွားဖို့လည်းရှိနေပြီး တရားဆွဲဆို ခံခဲ့ရတဲ့အတွက် နစ်နာမှုတွေအပေါ်ကိုလည်း ဥပဒေအကာအကွယ်ယူ နိုင်ဖို့ ကူညီဆောင်ရွက်ပေးသွားမယ်လို့လည်း လိင်တူချစ်သူ LGBT ကွန်ရက်အဖွဲ့ဝင်တွေက ပြောပါတယ်။

အလှမယ် မျိုးကိုကိုစန်းကို Cele Cele Small Page ရဲ့ Admin ဆိုတဲ့ စွတ်စွဲချက်နဲ့ သရုပ်ဆောင် ၀တ်မှုံရွှေရည်က အမှုဖွင့် တိုင်ကြားခဲ့ကြောင့် ဇန်န၀ါရီလ ၁၇ ရက်နေ့က စတင် ဖမ်းဆီးစစ်ဆေး ခဲ့တာပါ။

မျိုးကိုကိုစန်းဟာ ၂၀၁၃ခုနှစ်က ကျင်းပခဲ့တဲ့ Miss Rainbow Ribbon Myanmar 2013 ပြိုင်ပွဲမှာ သရဖူ ရရှိခဲ့ပြီး ထိုင်းနိုင်ငံ ပတ္တရားမြို့မှာ ကျင်းပခဲ့တဲ့ ဂေးအလှမယ်များသာ ယှဉ်ပြိုင်ရတဲ့ Miss International Queen 2014ပြိုင်ပွဲသို့လည်း ဝင်ရောက်ယဉ်ပြိုင်ခဲ့သူ တစ်ဦးလည်းဖြစ်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)