ဗိုလ်ချုပ်အောင်ဆန်းဈေးကို ရန်ကုန်မြို့ပြ အမွေအနှစ်အဖြစ် အပြာရောင် ကမ္ပည်းပြား တပ်ဆင်

0
293

ဗိုလ်ချုပ်အောင်ဆန်းဈေးဟာ ကိုလိုနီခေတ်က မြူနီစပါယ်ကော်မရှင်မင်းကြီး တစ်ဦးရဲ့အမည်ကို အစွဲပြုပြီးတော့ စကော့ဈေးလို့အမည်တွင်ခဲ့ပြီး၊၁၉၄၈ ခုနှစ်မှာမြန်မာ့လွတ်လပ်ရေးဖခင် ဗိုလ်ချုပ်အောင်ဆန်းကို ဂုဏ်ပြုတဲ့အနေနဲ့ ဗိုလ်ချုပ်အာင်ဆန်းဈေးလို့ အမည်ပြောင်းခဲ့တာဖြစ်ပါတယ်။

အခုအခါမှာတော့ အဲဒီဗိုလ်ချုပ်အောင်ဆန်းဈေးဟာ ရှေးဟောင်းအမွေအနှစ်အဆောက်အအုံကြီးဖြစ်တဲ့အတွက် ၁၆ ခုမြောက် ရန်ကုန်မြို့ပြအမွေအနှစ်အဖြစ် အပြာရောင်ကမ္ပည်းပြား တပ်ဆင်လိုက်ပြီဖြစ်ပါတယ်။ အဲဒီကဗ္ဗည်းပြားတပ်ဆင်တဲ့အခမ်းအနားကို ဇန်န၀ါရီ ၂၀ ရက်(ဒီကနေ့) ဗိုလ်ချုပ်အောင်ဆန်းဈေးမှာ ကျင်းပပြုလုပ်ခဲ့တာပါ။

အဲဒီအခမ်းအနားကို ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဖြိုးမင်းသိမ်းနဲ့ တာဝန်ရှိသူတွေတက်ရောက်ခဲ့ကြပြီး ဖဲကြိုးဖြတ်ဖွင့်လှစ်ခဲ့ကြတာပါ။အပြာရောင်ကမ္ပည်းပြားဆိုတာဟာ လူတွေနဲ့သက်ဆိုင်တဲ့နေရာတွေနဲ့ ဆက်စပ်နေတဲ့ သမိုင်းဝင်လူပုဂ္ဂိုလ်တွေနဲ့ သမိုင်းအဖြစ်အပျက်တွေကို တပ်ဆင်ဖော်ပြထား တဲ့ ကမ္ပည်းပြားတွေဖြစ်ပါတယ်

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)