NCA မှာ လက်မှတ်မထိုးထားတဲ့ တိုင်းရင်းသားအဖွဲ့တွေကို စစ်ရေးအရ ဖိအားမပေးဖို့ အရပ်ဖက်အဖွဲ့အစည်းတွေ တောင်းဆို

0
286

တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးစာချုပ် (NCA)မှာ ပါဝင်လက်မှတ်မထိုးထားတဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေကို စစ်ရေးအရ ဖိအားပေးနေတာ အမြန်ဆုံးလျှော့ချဖို့ ၁၅ ကြိမ်မြောက် အရပ်ဖက်လူ့အဖွဲ့အစည်း ငြိမ်းချမ်းရေးဖိုရမ်က ဒီကနေ့ ဇန်နဝါရီ ၂၀ ရက်နေ့မှာ ထုတ်ပြန်လိုက်ပါတယ်။

ဒီကနေ့ ရန်ကုန်မြို့ Summit Parkview ဟိုတယ်မှာ ကျင်းပတဲ့ ၁၅ ကြိမ်မြောက် အရပ်ဖက် လူ့အဖွဲ့အစည်း ငြိမ်းချမ်းရေးဖိုရမ် သတင်းစာရှင်းလင်းပွဲမှာ ကိုယ်စားလှယ်တွေက ထုတ်ပြန်လိုက်တာပါ။

အရပ်ဖက်လူ့အဖွဲ့အစည်း ငြိမ်းချမ်းရေးဖိုရမ်ရဲ့ သဘောထားထုတ်ပြန်ချက်ထဲမှာ အချက် ၁၅ ချက် ပါရှိပြီး လက်ရှိငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွေ ပိုမိုထိရောက်ဖို့ အချက် ၇ ချက်နဲ့ စစ်ကြေး ပြည်တွင်း ရွှေ့ပြောင်းနေထိုင်နေရသူတွေအရေးကိစ္စအတွက် ၈ ချက်စီ ကဏ္ဍနှစ်ခုခွဲပြီး တောင်းဆိုထားတာ ဖြစ်ပါတယ်။

၁၅ ကြိမ်မြောက် အရပ်ဖက်လူ့အဖွဲ့အစည်း ငြိမ်းချမ်းရေးဖိုရမ်ကို ရန်ကုန်မြို့ ပန်ဒါဟိုတယ်မှာ ဇန်နဝါရီ ၁၈ ရက်နေ့ကနေ ၁၉ ရက်နေ့အထိ ကျင်းပခဲ့ပြီး လူမှုကွန်ရက်နဲ့ လူမှုအဖွဲ့အစည်း (၇၉)ဖွဲ့က ကိုယ်စားလှယ်တွေနဲ့ တစ်သီးပုဂ္ဂလ တက်ကြွလှုပ်ရှားသူတွေ စုစုပေါင်း ၁၃၅ ဦး တက်ရောက်ခဲ့ကြတာ ဖြစ်ပါတယ်။

၂၀၁၆ ခုနှစ် သြဂုတ်လကစပြီး ပြည်တွင်းမှာ လက်နက်ကိုင်ပဋိပက္ခတွေ အရှိန်တိုးမြှင့်လာသလို တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေကို အကြမ်းဖက်သောင်းကျန်းသူ အဖွဲ့အစည်းအဖြစ် သတ်မှတ်ဖို့ လွှတ်တော်မှာ တင်ပြ ဆွေးနွေးမှုတွေနဲ့ တပ်မတော်ထိုးစစ်ကို တရားသောစစ်အဖြစ် ထောက်ခံဆန္ဒပြပွဲတွေ ရှိလာတာဟာ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ရှေ့ဆက်ရာမှာ အဟန့်အတားဖြစ်ကြောင်း ငြိမ်းချမ်းရေးဖိုရမ်မှာ ဆွေးနွေးတင်ပြခဲ့ကြတယ်လို့ ဒီကနေ့ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)