အမြန်လမ်းမကြီးပေါ် လမ်းဖြတ်ကူးလို့ ကားတိုက်ခံရသူကို အမှုဖွင့်အရေးယူ

0
375

ပဲခူးတိုင်းဒေသကြီး၊ ကျောက်တံခါးမြို့နယ်၊ မြို့ချောင်းအမြန်လမ်း ရဲစခန်းအပိုင်နယ်မြေထဲက ရန်ကုန်-မန္တလေး အမြန်လမ်းပေါ် လမ်းဖြတ်ကူးခဲ့တာကြောင့် ယာဉ်တိုက်ခံခဲ့ရသူကို ရဲစခန်းက အရေးယူထားပါတယ်။

လမ်းဖြတ်ကူးသူဟာ ဦးသန်းအောင်လို့ အမည်ရပြီး ဇန်နဝါရီ ၁၈ ရက်နေ့ ည ၉ နာရီခွဲဝန်းကျင်မှာ လမ်းဖြတ်ကူးခဲ့တာပါ။

ဦးသန်းအောင်အပါအဝင် လူ ခုနစ်ဦးဟာ ယာဉ်မောင်း ဦးမြင့်ဇော်လွင် မောင်းနှင်လာတဲ့ Starex ခဲရောင် မော်တော်ယာဉ်နဲ့ စီးနင်းလာပြီး မိုင်တိုင်အမှတ် ၇၆/၀ အရောက်မှာ ထမင်းစားဆင်းကြချိန်မှာ ဦးသန်းအောင်က အမြန်လမ်းမကြီးကို ဖြတ်ကူးခဲ့တာ ဖြစ်ပါတယ်။

အဲဒီဖြတ်ကူးစဉ်မှာ ယာဉ်မောင်း ကိုကျော်ကျော်မြင့် မောင်းနှင်လာတဲ့ ရွှေတောင်ရိုး Express ဖြူပြာကြားရောင် မော်တော်ယာဉ်နဲ့ တိုက်မိခဲ့တဲ့အတွက် ဦးသန်းအောင်မှာ ဦးခေါင်းပေါက်ပြဲ၊ ဘယ်ဘက်ပါးနဲ့နား ပွန်းပဲ့၊ ပါးစပ် သွေးထွက်၊ နဖူးပေါက်ပြဲနဲ့ အခြားဒဏ်ရာတွေရရှိပြီး အတွင်းလူနာ (စိုးရိမ်ရ)အဖြစ် မြို့ချောင်းတိုက်နယ် ဆေးရုံမှာ ကုသမှုခံယူနေရတာ ဖြစ်ပါတယ်။

ယာဉ်တိုက်မှုကြောင့် ယာဉ်ပေါ်မှာစီးနင်းလိုက်ပါလာတဲ့ ခရီးသည် ၂၃ဦး ထိခိုက်ဒဏ်ရာမရရှိခဲ့ပေမဲ့လည်း ယာဉ်ရဲက ရှေ့လေကာမှန်ကွဲပြီး အခြားပျက်စီးမှုတွေလည်း ဖြစ်ပေးခဲ့တာကြောင့် စုစုပေါင်း ကာလတန်ဖိုး ၁၅ သိန်း ပျက်စီးခဲ့ပါတယ်။

အခုဖြစ်စဉ်နဲ့ပတ်သက်ပြီး အမြန်လမ်းမကြီးပေါ် ဖြတ်သန်းသွားလာခွင့်မရှိဘဲ လမ်းဖြတ်ကူးတဲ့ ဦးသန်းအောင်ကို မြို့ချောင်းအမြန်လမ်းမကြီးရဲစခန်းက ယာဉ်(ပ) ၅/၂၀၁၇ ရာဇသတ်ကြီးပုဒ်မ ၃၃၈ နဲ့ အမှုဖွင့် အရေးယူထားပါတယ်။

ဖြိုးကိုလင်း (ညောင်ဝိုင်း)

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)