ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ၀ဲဘက်မျက်စိ အတွင်းတိမ် ခွဲစိတ်ကုသခံယူမှု အောင်မြင်စွာပြီးစီး

0
312

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ဇန်န၀ါရီ ၁၉ ရက် နံနက်ပိုင်းက နေပြည်တော်၊ တပ်မတော်ဆေးရုံကြီးမှာ ၀ဲဘက်မျက်စိ အတွင်းတိမ် ခွဲစိတ်ကုသခံယူမှု အောင်မြင်စွာပြီးစီးခဲ့ပါတယ်။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ်အား မျက်စိအထူးကုဆရာဝန်ကြီး ပါမောက္ခဒေါက်တာ ဦးသန်းအောင်နဲ့ ပါမောက္ခ ဒုတိယဗိုလ်မှူးကြီး သိန်းအောင်(အငြိမ်းစား)တို့ ဦးစီးပြီး မျက်စိအတွင်းတိမ် အားခွဲစိတ်ပြီး မျက်တွင်းမှန်ဘီလူးအစားထိုးကုသမှု (PHACOEMULSIFICATION + FOLDABLE IOL IMPLANTATION) လုပ်ဆောင်ခဲ့ကြတာပါ။

ဇန်န၀ါရီ ၁၆ ရက်နံနက်ပိုင်းကလည်း ယာဘက်မျက်စိအား အောင်မြင်စွာခွဲစိတ်ကုသပြီးစီးခဲ့ပါတယ်။ မျက်စိအတွင်းတိမ်ရောဂါဟာမြန်မာနိုင်ငံမှာ အဖြစ်အများဆုံးမျက်စိ ရောဂါတစ်ခုဖြစ်ပြီး တပ်မတော်ဆေးရုံတွေမှာသာမကတပ်မတော်နယ်လှည့် အထူးဆေးကုသရေးအဖွဲ့တွေ နဲ့လည်း ပြည်သူလူထု အတွင်းမှာပါ လူနာအမြောက်အမြားကို ခွဲစိတ်ကုသပေးလျက်ရှိနေတာ ဖြစ်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)