သူရဦးရွှေမန်း မစ္စရန်ဟီးလီနဲ့ အဖွဲ့ကို လက်ခံတွေ့ဆုံ

0
337

ပြည်ထောင်စုလွှတ်တော်၊ ဥပဒေရေးရာနှင့် အထူးကိစ္စရပ်များလေ့လာ ဆန်းစစ်သုံးသပ်ရေး ကော်မရှင်ဥက္ကဋ္ဌ သူရဦးရွှေမန်းဟာ ကုလသမဂ္ဂ၏ မြန်မာနိုင်ငံ လူ့အခွင့်အရေး အခြေအနေဆိုင်ရာ အထူးအစီရင်ခံစာတင်သွင်းသူ မစ္စရန်ဟီးလီနှင့်အဖွဲ့ကို ၂၀၁၇ခုနှစ်၊ ဇန်နဝါရီလ ၁၉ ရက်နေ့ နံနက် ၉ နာရီက နေပြည်တော်ရှိ လွှတ်တော်ရေးရာဆောင် (I-1) ဧည့်ခန်းမမှာလက်ခံတွေ့ဆုံခဲ့ပါတယ်။

အဲဒီလိုတွေဆုံရာမှာ မြန်မာနိုင်ငံရဲ့ လူ့အခွင့်အရေးဆိုင်ရာဖြစ်ပေါ်တိုးတက်မှု အခြေအနေ၊ ကလေးသူငယ်အခွင့်အရေး၊ အမျိုးသမီးအခွင့်အရေး၊ နိုင်ငံသား အခွင့်အရေး တို့နဲ့သက်ဆိုင်တဲ့ ဥပဒေဆိုင်ရာကိစ္စရပ်တွေအပြင်၊ ကော်မရှင်က ဆောင်ရွက်နေတဲ့တည်ဆဲဥပဒေတွေကို လေ့လာဆန်းစစ် သုံးသပ်အကြံပြုခြင်း နဲ့ ရေးဆွဲပြဋ္ဌာန်းဖို့ လိုအပ်တဲ့ ဥပဒေတွေအတွက်ဥပဒေကြမ်းတွေပ်ါပေါက်ရေး ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ ကိစ္စရပ်တွေကို ဆွေးနွေးခဲ့ကြတာဖြစ်ပါတယ်။

ဒါ့အပြင် ဒီမိုကရေစီပြုပြင်ပြောင်းလဲရေးမှာ Law Reform ရဲ့ အရေးပါမှုကဏ္ဍ တွေနဲ့စပ်လျဉ်းပြီး အမြင်ခြင်းဖလှယ်ဆွေးနွေးကြတာပါ။ အဲဒီတွေဆုံပွဲကို ကော်မရှင်အဖွဲ့ဝင်တွေဖြစ်ကြတဲ့ ဦးကိုကိုနိုင်၊ ဦးစံရွှေအောင်၊ ဦးမြသိန်း၊ ဦးမြင့်နိုင်၊ ဒေါ်သန်းသန်းရီနဲ့ကော်မရှင်အတွင်းရေးမှူး ဦးခင်မောင်ထွန်း တို့ တက်ရောက်ခဲ့ကြတာဖြစ်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)