ပြည်သူ့လွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးတီခွန်မြတ် မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီးအား လက်ခံတွေ့ဆုံ

0
299

ပြည်သူ့လွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးတီခွန်မြတ် မြန်မာနိုင်ငံဆိုင်ရာ တရုတ်နိုင်ငံ သံအမတ်ကြီး H.E.Mr.Hong Liang ဦးဆောင်တဲ့ ကိုယ်စားလှယ်အဖွဲ့ကို ဇန်နဝါရ်ီလ ၁၉ ရက်နေ့က ပြည်သူ့လွှတ်တော်ဒုတိယ ဥက္ကဋ္ဌ ရုံးဧည့်ခန်းမမှာ လက်ခံတွေ့ဆုံခဲ့ပါတယ်။

အဲဒီလိုတွေ့ဆုံရာမှာ နှစ်နိုင်ငံချစ်ကြည်ရင်းနှီးမှုကို အခြေခံတဲ့ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး လုပ်ငန်းများတွင်တိုးမြှင့်ပူးပေါင်းဆောင်ရွက်နိုင်ရေး၊ တို့ကို ဆွေးနွေးခဲ့ကြတာပါ။

ဒါ့အပြင်နှစ်နိုင်ငံလွှတ်တော် နှစ်ရပ်အကြား ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ လုပ်ငန်းတွေမှာ အပြန်အလှန် အထောက်အကူပြုနိုင်ရေး၊ လွှတ်တော် ကိုယ်စားလှယ် တွေအတွက် အလုပ်ရုံဆွေးနွေးပွဲတွေ၊ အပြန်အလှန်လေ့လာရေးခရီးစဉ်ကိစ္စရပ်တွေ၊ လွှတ်တော်ရုံးဝန်ထမ်းတွေရဲ့ အရည်အသွေး တိုးတက်မြင့်မားရေး သင်တန်း တွေ ဖွင့်လှစ် သင်ကြားပေးနိုင်ရေးအတွက် လွှတ်တော်ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာပူးပေါင်း ဆောင်ရွက်ရေးအဖွဲ့ (JCC)နဲ့ပူးပေါင်းဆောင်ရွက်ရေး ဆိုင်ရာ ကိစ္စရပ်တွေကို အမြင်ခြင်းဖလှယ် ဆွေးနွေးခဲ့ကြတာ ဖြစ်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)