ရပ်ဆိုင်းထားတဲ့ တီကျစ်ကျောက်မီးသွေးစက်ရုံ ပြန်လည် လည်ပတ် နေတဲ့အတွက် အစီရင်ခံစာ ထုတ်ပြန်

0
318

ရှမ်းပြည်​နယ်​ ပအိုဝ်းကိုယ်​ပိုင် ​အုပ်​ချုပ်​ခွင့်​​ဒေသ တီကျစ်​ရွာအနီးမှာရှိတဲ့ တီကျစ်ကျောက်မီးသွေး စက်ရုံကို သဘာဝပတ်ဝန်ကျင် ထိခိုက်မူတွေရှိ တာကြောင့် ၂၀၁၄ ခုနှစ်​မှာ နိုင်ငံတော်က ရပ်​ဆိုင်းခဲ့​​ပေမဲ့ ယခုအခါမှာ တရုတ်​ကုမ္ပဏီ တစ်ခုဖြစ်​တဲ့ Wuxi Huaguang Electric Power Engineering ကုမ္ပဏီက ပြန်​လည်​ လုပ်​ကိုင်​​နေတယ်​လို့ ​ဒေသခံ​တွေက​ပြောပါတယ်​။

ဒီစက်​ရုံရဲ့ စွန့်​ပစ်​ပစ္စည်း၊ စွန့်​ပစ်​​ရေနဲ့ ပြာမှုန့်​​တွေ​ကြောင့်​ ​သဘာဝပတ်​၀န်းကျင်​၊ ​မြေဆီလွှာနဲ့ ​လေထု​တွေကပျက်​စီးနေပြီး ​ဒေသခံ​တွေရဲ့ ကျန်းမာ​ရေး​တွေ ထိခိုက်​လာ​နေ​ပြီဖြစ်​ပါတယ်​။

တီကျစ်​​ကျောက်​မီး​သွေးစက်​ရုံကြောင့် ဒေသခံတွေကြုံတွေ့နေရတဲ့ ဘေးထွက်​ဆိုးကျိုး​တွေကို ​ဒေသခံပြည်​သူတွေနဲ့ ပအိုဝ်းလူငယ်​အစည်းအရုံးက
ပူး​ပေါင်းပြီး ရေးသားထားတဲ့ “တီကျစ်​​မြေမှ ​ခေါင်း​လောင်းသံ” ဆိုတဲ့ အစီရင်​ခံစာ သတင်းစာရှင်းလင်းပွဲကို ဒီကနေ့ ဇန်န၀ါရီလ ၂၀ ရက်နေ့ ရန်ကုန်မြို့မှာ ပြုလုပ်​ခဲ့တာပါ။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)