ဆူဇူကီးဖလားပြိုင်ပွဲ အကောင်းဆုံးကစားသမားအဖြစ် အောင်သူကို Goal.com က ရွေးချယ်

0
345

မကြာခင်က ပြီးဆုံးခဲ့တဲ့ ၂၀၁၆ AFF ဆူဇူကီးဖလား ဘောလုံးပြိုင်ပွဲရဲ့ အကောင်းဆုံးကစားသမားအဖြစ် မြန်မာ့ လက်ရွေးစင် တိုက်စစ်မှူး အောင်သူကို နိုင်ငံတကာ ဘောလုံးအားကစားရေးရာ ဝက်ဘ်ဆိုက်ဖြစ်တဲ့ Goal.com က ရွေးချယ်လိုက်ပါတယ်။

aungthu

အသက် ၂၀ သာရှိသေးတဲ့ တိုက်စစ်မှူး အောင်သူကို Goal.com က အယ်ဒီတာတွေနဲ့ ဝက်ဘ်ဆိုက်ကို ပုံမှန် ဖတ်ရှုသူ ၃ သောင်းနီးပါးက ဆူဇီကီးဖလားပြိုင်ပွဲရဲ့ အကောင်ဆုံးကစားသမားအဖြစ် ရွေးချယ်ခဲ့ကြတာပါ။

အောင်သူဟာ ပြိုင်ပွဲကာလတစ်လျှောက် အသင်းအတွက် ဘောလုံးပံ့ပိုးမှု ၁၂ ကြိမ်ဖန်တီးပေးခဲ့ပြီး ဂိုးကန်သွင်းမှု ၁၄ ကြိမ် ရှိခဲ့တာ ဖြစ်ပါတယ်။
မြန်မာအသင်ဟာ ဆူဇူကီးဖလား ဘောလုံးပြိုင်ပွဲမှာ အုပ်စုအဆင့်ကိုကျော်တက်ခဲ့ပေမဲ့ အကြိုဗိုလ်လုပွဲမှာ ထိုင်းအသင်းကို ရှုံးနိမ့်ခဲ့ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)