ရခိုင်ပြည်နယ်အတွင်း အာဆီယံ အကူအညီတွေ ပေးဖို့ မြန်မာ သဘောတူ

0
324

အာဆီယံနိုင်ငံတွေကို ရခိုင်ပြည်နယ်အတွင်း လူသားချင်းစာနာထောက်ထားမှု အကူအညီတွေ ပေးဖို့ မြန်မာနိုင်ငံက သဘောတူလိုက်တယ်လို့ အာဆီယံ နိုင်ငံခြားရေးဝန်ကြီးတွေက ပြောကြားလိုက်ပါတယ်။

epa05681909 Myanmar State Counselor and Foreign Minister Aung San Suu Kyi (C) arrives to attend the Association of Southeast Asian Nations (ASEAN) Foreign Ministers' meeting in Yangon, 19 December 2016. Suu Kyi called the meeting with ASEAN Foreign Ministers to discuss the situations of Myanmar's western State, Rakhine State, and the Rohingya issue, whom the government of Myanmar calls 'Bengali.' EPA/LYNN BO BO

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်နဲ့ နိုင်ငံခြားရေးဝန်ကြီး ဒေါ်အောင်ဆန်းစုကြည်ဖိတ်ကြားခဲ့တဲ့ ရခိုင်ပြည်နယ်အရေး အာဆီယံနိုင်ငံခြားရေးဝန်ကြီးတွေ အစည်းအဝေးမှာ တက်ရောက်လာတဲ့ အာဆီယံ ၁၀ နိုင်ငံက နိုင်ငံခြားရေးဝန်ကြီးတွေက ပြောကြားလိုက်တာပါ။

အဲဒီအစည်းအဝေးကို ဒီကနေ့ ဒီဇင်ဘာ ၁၉ ရက်နေ့ ရန်ကုန်မြို့ ဆီဒိုးနားဟိုတယ်မှာ ကျင်းပခဲ့တာ ဖြစ်ပြီး လေးနာရီကျော် ကြာမြင့်ခဲ့တာ ဖြစ်ပါတယ်။
ရခိုင်ပြည်နယ် အတွင်းက ဖွံ့ဖြိုးမှုအခြေအနေတွေကို အာဆီယံနိုင်ငံတွေကို ပုံမှန် သတင်းထုတ်ပြန် အသိပေး သွားဖို့နဲ့ အာဆီယံနိုင်ငံတွေက လူသားချင်းစာနာထောက်ထားမှုအကူအညီတွေ ပေးသွားမယ့်အပေါ် အထူး ကျေးဇူးတင် အသိအမှတ်ပြုတယ်ဆိုတဲ့ အဓိက အချက်နှစ်ချက်ကို မြန်မာအစိုးရ ဒီအစည်းအဝေးမှာ ပြောကြားခဲ့တယ်လို့ အင်ဒိုနီးရှား နိုင်ငံခြားရေးဝန်ကြီး ရက်နိုမာဆူဒီက ပြောကြားခဲ့ပါတယ်။

ဒါ့အပြင် ထိုင်းနိုင်ငံခြားရေးဝန်ကြီး ဒွန်ပရာမွတ်ဝီနိုင်းကလည်း ဒီနေ့အစည်းအဝေးကတစ်ဆင့် အာဆီယံနိုင်ငံခြားရေးဝန်ကြီးတွေ ရခိုင်ကိစ္စကို နားလည်သဘောပေါက်ခဲ့သလို ရန်ကုန်က ပြန်တဲ့အချိန်မှာ အားလုံး စိတ်ကျေနပ်မှု ရှိကြမယ်လို့ ယုံကြည်ကြောင်း ပြောကြားခဲ့ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)