မူးယစ်ဆေးဝါး ၀င်ရှာတဲ့ ရဲတပ်ဖွဲ့ဝင်ကို ဘင်္ဂါလီတစ်ဦး ဓားနဲ့ပြေးထိုး

0
312

သတင်းအရ မူးယစ်ဆေးဝါး ၀င်ရောက်ရှာဖွေတဲ့ ရဲတပ်ဖွဲ့ဝင်တစ်ဦးကို နေအိမ်ပိုင်ရှင် ဘင်္ဂါလီက ဓားနဲ့ပြေးထိုးမှုတစ်ခု မောင်တောမြို့နယ် ဒုချီးရားတန်းရွာမှာ ဖြစ်ပွားခဲ့ပါတယ်။

15590654_1849600551949362_7467903548625958736_n

ဒီဇင်ဘာ ၁၉ ရက်နေ့ ဒီကနေ့ နံနက်မှာ သတင်းပေးချက်အရ ဟာမတ်တူဆောင်းရဲ့နေအိမ်ကို မူးယစ်ဆေးဝါးဝင်ရောက်ရှာဖွေရာမှာ လုံခြုံရေးတပ်ဖွဲ့ဝင်တွေက ဟာမတ်တူဆောင်းရဲ့ မိသားစုတွေကို အိမ်အပြင်ထွက်နေစေပြီး ရှာဖွေမှုဆောင်ရွက်နေစဉ်မှာ ဟာမတ်တူဆောင်းက လုံခြုံရေးတပ်ဖွဲ့ဝင်တစ်ဦးကို ဓားမြှောင်နဲ့ ပြေးထိုးခဲ့တာဖြစ်ပါတယ်။ ဒီတိုက်ခိုက်မှုကြောင့် လုံခြုံရေးတပ်ဖွဲ့ဟာ ညာဖက်လက်ဖျံမှာ ပြတ်ရှသွေးထွက်ဒဏ်ရာရရှိခဲ့ပါတယ်။

ဒီလိုတိုက်ခိုက်ပြီးနဲ့ ဆက်လက်တိုက်ခိုက်မှုပြုလုပ်ဖို့ ကြိုးစားနေတာကြောင့် လုံခြုံရေးတပ်ဖွဲ့ဝင်က သေနတ်နဲ့ချိန်ရွယ်နေစဉ် ဟာမတ်တူဆောင်းက ထွက်ပြေးလို့ ပစ်ခတ်စဉ် သေနတ်ဒဏ်ရာနဲ့ အခင်းဖြစ် ပွားရာနေရာမှာ သေဆုံးခဲ့ပါတယ်။ ရှာဖွေမှုတွေ ပြုလုပ်ရာမှာ မူးယစ်ဆေးဝါးသုံးစွဲရာမှာ အသုံးပြတဲ့ ဆက်စပ်ပစ္စည်းတွေ သိမ်းဆည်းရမိခဲ့ပြီး လူသေဆုံးမှုဖြစ်စဉ်ကို လုပ်ထုံးလုပ်နည်းနဲ့အညီ ဆောင်ရွက်မှုတွေ ပြုလုပ်နေပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)