ရခိုင်ပြည်နယ်အရေး ဒေါ်အောင်ဆန်းစုကြည်နဲ့ အာဆီယံနိုင်ငံခြားရေးဝန်ကြီးတွေ ဆွေးနွေး

0
280

ရခိုင်ပြည်နယ်မှာဖြစ်ပွားနေတဲ့ အခြေအနေတွေနဲ့ပတ်သက်ပြီး နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ အာဆီယံနိုင်ငံတွေက နိုင်ငံခြားရေးဝန်ကြီးတွေ ဒီကနေ့ ဒီဇင်ဘာ ၁၉ ရက်နေ့မှာ တွေ့ဆုံဆွေးနွေးခဲ့ကြပါတယ်။

asean-rakhine

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်နဲ့ နိုင်ငံခြားရေးဝန်ကြီးလည်းဖြစ်တဲ့ ဒေါ်အောင်ဆန်းစုကြည်က ရခိုင်ပြည်နယ် အရေးနဲ့ပတ်သက်ပြီး အထူးအစည်းအဝေးတစ်ရပ် ကျင်းပဖို့ ဖိတ်ကြားခဲ့တာပါ။

asean-rakhine2

နိုင်ငံတော်အတိုင်ပင်ခံနဲ့ အာဆီယံနိုင်ငံခြားရေးဝန်ကြီးတွေဟာ ရန်ကုန်မြို့၊ ဆီဒိုးနားဟိုတယ်မှာ တွေ့ဆုံခဲ့တာဖြစ်ပြီး အာဆီယံအဖွဲ့ဝင်နိုင်ငံအားလုံးက တက်ရောက်ခဲ့ကြတာ ဖြစ်ပါတယ်။

ရခိုင်ပြည်နယ်မှာ မောင်တောဒေသက နယ်ခြားစောင့်စခန်း အကြမ်းဖက်စီးနင်းတိုက်ခိုက်ခံရပြီးနောက်မှာ နယ်မြေတည်ငြိမ်ရေးလုပ်ငန်းတွေ ဆောင်ရွက်နေမှု၊ အကြမ်းဖက်တိုက်ခိုက်မှုနဲ့ပတ်သက်သူတွေကို ဖမ်းဆီးမှုတွေ ပြုလုပ်တာနဲ့ ပတ်သက်ပြီး အာဆီယံအဖွဲ့ဝင်နိုင်ငံတစ်ခုဖြစ်တဲ့ မလေးရှားနိုင်ငံက ဝေဖန်စွပ်စွဲတာတွေ လုပ်ခဲ့ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)