ဘုတ်ပြင်းရေပိုင်နက်အတွင်း ကျပ်သိန်းပေါင်း ၂ သောင်းတန်ဖိုးရှိ မူးယစ်ဆေးဝါးတွေ ဖမ်းမိ

0
313

တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင်၊ ဘုတ်ပြင်းမြို့မှာ ကျပ် သိန်းပေါင်း ၂ သောင်းနီးပါး တန်ဖိုးရှိတဲ့ မူးယစ်ဆေးဝါးတွေ ဖမ်းဆီးရမိခဲ့ပါတယ်။
ဖမ်းဆီးရမိတဲ့ မူးယစ်ဆေးဝါးတွေဟာ ကတ်တမင်း(Ketamine) မူးယစ်ဆေးဝါးတွေဖြစ်ပြီး ဒီဇင်ဘာ ၁၈ ရက်နေ့ကက ဘုတ်ပြင်း ရေပိုင်နက်အတွင်း မသင်္ကာဖွယ် စက်လှေတစ်စင်းကို တနင်္သာရီတပ်ရေတပ်စခန်းဌာနချုပ်က ခေါ်ယူစစ်ဆေးရာကနေ ဖမ်းမိခဲ့တာဖြစ်ပါတယ်။

katamine2

အဲဒီ အဖြူရောင်အမှုန့် “ကက်တမင်း” (Ketamine) မူးယစ်ဆေးတွေ တင်ဆောင်လာတဲ့ ကျေးဇူးတော် (၁၂)အမည်ရှိ စက်လှေ (စိမ်ပိုက်ငါးဖမ်းလှေ)ဟာ ဘုတ်ပြင်း ရေပိုင်နက်အတွင်း ခုတ်မောင်းနေစဉ် တနင်္သာရီရေတပ်စခန်းဌာနချုပ်မှ စစ်ရေယာဉ်အမှတ် (၅၆၆)က မသင်္ကာလို့ ခေါ်ယူစစ်ဆေးရာမှာ မောင်းနင်းထွက်ပြေးရတာကြောင့် လိုက်လံဖမ်းဆီးခဲ့တာ ဖြစ်ပါတယ်။

katamine4

စက်လှေပေါ်မှာ အဖြူရောင်အမှုန့် “ကက်တမင်း” (Ketamine) မူးယစ်ဆေး (၉၄၀) ထုပ်၊ ကာလတန်ဖိုး ကျပ် သိန်းပေါင်း တစ်သောင်း ရှစ်ထောင် ရှစ်ရာကို ဖမ်းဆီးရမိခဲ့တာလို့ မြိတ်ခရိုင်ရဲတပ်ဖွဲ့ ဒုရဲမှူး တင်ထွန်းက ပြေဆိုခဲ့ပါတယ်။

katamine

“ကက်တမင်း” (Ketamine) မူးယစ်ဆေး အထုပ်ပေါင်း (၉၄၀)မှာ တစ်ထုပ်ကို (၁) ကီလိုခန့်ပါပြီး ၁ ကီလိုကို ကာလတန်ဖိုး ကျပ်သိန်းနှစ်ဆယ်ရှိတာကြောင့် စုစုပေါင်း သိန်း(၁၈,၈၀၀) တန်ဖိုးရှိပါတယ်။ မူးယစ်ဆေးဝါး တွေနဲ့အတူ ဖမ်းမိတဲ့ စက်လှေနှင့် ရေလုပ်သား (၁၁) ဦးတို့ကို မြိတ်မြို့နယ်ရဲစခန်းက မယ(ပ)၁၈၈/၂၀၁၆ မူး/ စိတ်၊ ပုဒ်မ ၁၅/၁၉(က)/၂၀(က)၂၁ ဖြင့် အရေးယူထားပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)