လေဟာပြင် ယာဉ်ရပ်နားစခန်း ကာကွယ်ရေး ဦးစီးချုပ်ရုံးမှ ပြန်လည် သိမ်းယူ

0
262

ပန်းဘဲတန်းမြို့နယ် ၅ ရပ်ကွက်မှာရှိတဲ့ တပ်ပိုင်ယာဉ်ရပ်နားစခန်းကို သက်ဆိုင်ရာကာ ကွယ်ရေးဦးစီးချုပ်ရုံးက ပြန်လည်သိမ်းယူလိုက်ပြီ
ဖြစ်ပါတယ်။

15666462_1034222003371480_714253063_n

ရန်ကုန်တိုင်းဒေသကြီး ပန်းဘဲတန်းမြို့နယ်မှာရှိတဲ့ ယခင်လေဟာပြင်ဈေးမြေနေရာကို ကာကွယ်ရေးဦးစီးချုပ်ရုံးက ယာဉ်ရပ်နားဖို့နေရာအဖြစ် ပုဂ္ဂလိကကို အငှားချပေးထားတာပါ။ လွန်ခဲ့တဲ့ လေးနှစ်ကျော် ငါးနှစ်ဝန်းကျင်းလောက်ကတည်းက အဲဒီနေရာကို အငှားချထားပေးခဲ့တာ ဖြစ်ပါတယ်။

အခုအခါမှာတော့ မြေနေရာငှားရမ်းယူထားတဲ့သူဘက်က သတ်မှတ်ချက် ငွေကြေးပုံမှန် မသွင်းတော့တဲ့အတွက် အခုလိုပြန်လည်သိမ်းယူတာဖြစ်ပြီး လက်ရှိအဲဒီနေရာမှာ ရပ်နားထားတဲ့ ယာဉ်းတွေကို အခြားနေရာကို ပြောင်းရွှေဖို့ညွန်ကြားထားပြီး ယာဉ်ရပ်နားကွင်းကိုတော့ တံခါးပိတ်လိုက်ပြီဖြစ်ပါတယ်။ လက်ရှိမှာ အဲဒီနေရာနဲ့ အနီးဆုံးမှာရှိတဲ့ ၂၇ လမ်းအတွင်း နေထိုင်သူတွေအနေနဲ့ ကိုယ်ပိုင်ယာဉ်တွေ ရပ်နားဖို့ အခက်ခဲတွေဖြစ်နေတာပါ။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)