ရန်ကုန်မှာ ထိုင်းနိုင်ငံ ရင်းနှီးမြှုပ်နှံမှုရေးရာ ဘုတ်အဖွဲ့ ရုံးခွဲ ၂၀၁၇ နှစ်ဆန်းပိုင်းမှာ ဖွင့်ဖို့ စီစဉ်နေ

0
292

ထိုင်းအစိုးရအဖွဲ့အစည်းတစ်ခုဖြစ်တဲ့ ရင်းနှီးမြှုပ်နှံမှုရေးရာဘုတ်အဖွဲ့ရဲ့ ရုံးခန်းတစ်ခုကို ၂၀၁၇ နှစ်ဆန်းပိုင်းအတွင်း ရန်ကုန်မြို့မှာ ဖွင့်လှစ်ဖို့ စီစဉ်နေပါတယ်။

thaiinvestment

ထိုင်းနိုင်ငံအနေနဲ့ မြန်မာနဲ့ တခြားအာဆီယံနိုင်ငံတွေအတွင်းမှာ ရင်းနှီးမြှုပ်နှံမှုတွေ တိုးမြှင့်ဖို့ ချမှတ်ထားတဲ့ ဗျူဟာတွေအတိုင်း အခုလို ရန်ကုန်ရုံးခွဲဖွင့်လှစ်ဖို့ စီစဉ်နေတာ ဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာ ဖွင့်ပြီးရင် ၂၀၁၇ အတွင်းမှာပဲ ဟနွိုင်းရုံးခွဲနဲ့ ၂၀၁၈ အတွင်းမှာ ဂျကာတာ ရုံးခွဲတို့ကိုလည်း ဖွင့်လှစ်သွားမှာပါ။

“အာဆီယံဟာ ရင်းမြစ်တွေ၊ အရည်အချင်းမီတဲ့ အလုပ်သမားတွေရှိပြီး ပြိုင်ဆိုင်မှုတွေအပြည့်နဲ့ အလျင်အမြန် ကြီးမားလာနေတဲ့ ဈေးကွက်တစ်ခု ဖြစ်ပါတယ်။ ဒီအချိန်မှာ အထူးသဖြင့် CMLV (ကမ္ဘောဒီးယား၊ လာအို၊ မြန်မာ၊ ဗီယက်နမ်) လို နိုင်ငံတွေ အားလုံးကလည်း နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွေအတွက် ပိုပွင့်လင်းလာနေပါတယ်”လို့ ထိုင်း ရင်းနှီးမြှုပ်နှံမှုရေးရာ ဘုတ်အဖွဲ့ရဲ့ အထွေထွေအတွင်းရေးမှူး ချိုကီဒီးကော်ဆန်က ပြောပါတယ်။

ထိုင်းနိုင်ငံဟာ အခုနှစ် စက်တင်ဘာလအထိ အာဆီယံဒေသတွင်း ရင်းနှီးမြှုပ်နှံမှုပမာဏ ဘတ် ၁၉၇ ဘီလျံကျော် ရှိခဲ့ပြီး အဲဒီထဲက ဘတ် ၁၄ ဘီလျံဟာ မြန်မာနိုင်ငံမှာ ရင်းနှီးမြှုပ်နှံခဲ့တာ ဖြစ်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)