တကောင်း နီကယ်စက်ရုံ ၀န်ထမ်း(၅၀၀)ကျော် တန်းတူ အခွင့်အရေး ရရှိဖို့အတွက် ဆန္ဒပြ

0
291

စစ်ကိုင်းတိုင်းဒေသကြီး ထီးချိုင့်မြို့နယ်မှာရှိတဲ့ တကောင်းနီကယ် စက်ရုံဝန်ထမ်း(၅၀၀)ကျော်က လုပ်ခလစာ တိုးမြှင့်ပေးဖို့နဲ့ အလုပ်သမားအခွင့်အရေး အပြည့်အ၀ရရှိဖို့အတွက် ဒီဇင်ဘာလ ၁၈ ရက်နေ့ ဆန္ဒပြတောင်းဆိုခဲ့ကြပါတယ်။

15589554_633341423535761_1018851603532917297_n

ဒီဆန္ဒပြပွဲကို အလုပ်သမား အင်အား ၅၀၀ ခန့် ပါဝင်ဆန္ဒပြခဲ့ကြပြီး နီကယ်ကွန်ကရစ်လမ်းကနေ နီကယ်စက်ရုံရှေ့အထိ လမ်းလျှောက် ဆန္ဒပြခဲ့ကြတာဖြစ်ပါတယ်။ တရုတ်၊ မြန်မာ အလုပ်သမားအချင်းချင်း တန်းတူအခွင့်အရေး ရရှိရေး၊ အလုပ်သမားကိစ္စနဲ့ အလုပ်သမားနစ်နာမှုတွေ ဖြေရှင်းရာမှာ အလုပ်သမား ကိုယ်စားပြုအဖွဲ့ ပါဝင်ရေး၊ လုပ်ခလစာတိုးမြှင့်ပေးရေး စတဲ့ အချက်တွေကို တောင်းဆိုခဲ့ကြတာဖြစ်ပါတယ်။

၂၀၀၈ ခုနှစ်မှာ စစ်အစိုးရက စစ်ကိုင်းတိုင်း ထီးချိုင့်မြို့နယ်အတွင်းက လယ်ယာမြေ ဧက ၃၀၀၀ ကျော်ကို သိမ်းဆည်းပြီး တကောင်းနီကယ်စက်ရုံကို တည်ဆောက်ခဲ့ခြင်းဖြစ်ကာ လယ်ယာမြေလျော်ကြေးအဖြစ် တစ်ဧက ကို ငွေကျပ် ငါးသောင်းစီ ပေးလျော်ခဲ့တာဖြစ်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)