ပြည်သူတွေရဲ့ နစ်နာမှုကို စာနာထောက်ထားကြောင်း ပြသဖို့ လွှတ်တော် ပျက်ကွက်နေ

0
69

Unicode Version

လွှတ်တော်အနေနဲ့ ရခိုင်ပြည်သူတွေရဲ့ ထိခိုက်နစ်နာမှုတွေကို စာနာထောက်ထားကြောင်း ပြသဖို့ ပျက်ကွက်နေတယ်လို့ ရခိုင်အမတ် ဒေါ်ထုမေက ပြောကြားလိုက်ပါတယ်။

နိုဝင်ဘာလ ၁၈ ရက်နေ့က ပြည်ထောင်စု လွှတ်တော်မှာ ပြုလုပ်တဲ့ AA ရခိုင်လက်နက်ကိုင်အဖွဲ့ရဲ့ ဖမ်းဆီးတာကို ခံထားရတဲ့ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးဝှေ့တင်း ကိစ္စကို ဆွေးနွေရာမှာ အခုလို ထည့်သွင်းပြောကြားခဲ့တာ ဖြစ်ပါတယ်။

ဒ့ါအပြင် ရခိုင်ပြည်နယ်က လွှတ်တော် ကိုယ်စားလှယ်တွေဟာ ရခိုင်ပြည်နယ်မှာ ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေ ရပ်တန့်ရေးနဲ့ နိုင်ငံရေး ဆွေးနွေးပွဲတွေ ညှိနှိုင်းအဖြေရှာဖို့ ကြိမ်ဖန်များစွာ တိုက်တွန်းခဲ့ပေမယ့် ရခိုင်ပြည်သူ လူထုကို ကိုယ်စားပြုတဲ့ ကိုယ်စားလှယ်တွေရဲ့ တောင်းဆိုချက်တွေဟာ ရလဒ်မထင်ခဲ့ဘူးလို့ ရခိုင်ပြည်နယ် မဲဆန္ဒနယ်် အမှတ် (၁၁) က လွှတ်တော်ကိုယ်စားလှယ် ဒေါ်ထုမေက ပြောဆိုခဲ့ပါတယ်။

Zawgyi Version

ပြည်သူတွေရဲ့ နစ်နာမှုကို စာနာထောက်ထားကြောင်း ပြသဖို့ လွှတ်တော် ပျက်ကွက်နေ

လွှတ်တော်အနေနဲ့ ရခိုင်ပြည်သူတွေရဲ့ ထိခိုက်နစ်နာမှုတွေကို စာနာထောက်ထားကြောင်း ပြသဖို့ ပျက်ကွက်နေတယ်လို့ ရခိုင်အမတ် ဒေါ်ထုမေက ပြောကြားလိုက်ပါတယ်။

နိုဝင်ဘာလ ၁၈ ရက်နေ့က ပြည်ထောင်စု လွှတ်တော်မှာ ပြုလုပ်တဲ့ AA ရခိုင်လက်နက်ကိုင်အဖွဲ့ရဲ့ ဖမ်းဆီးတာကို ခံထားရတဲ့ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးဝှေ့တင်း ကိစ္စကို ဆွေးနွေရာမှာ အခုလို ထည့်သွင်းပြောကြားခဲ့တာ ဖြစ်ပါတယ်။

ဒ့ါအပြင် ရခိုင်ပြည်နယ်က လွှတ်တော် ကိုယ်စားလှယ်တွေဟာ ရခိုင်ပြည်နယ်မှာ ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေ ရပ်တန့်ရေးနဲ့ နိုင်ငံရေး ဆွေးနွေးပွဲတွေ ညှိနှိုင်းအဖြေရှာဖို့ ကြိမ်ဖန်များစွာ တိုက်တွန်းခဲ့ပေမယ့် ရခိုင်ပြည်သူ လူထုကို ကိုယ်စားပြုတဲ့ ကိုယ်စားလှယ်တွေရဲ့ တောင်းဆိုချက်တွေဟာ ရလဒ်မထင်ခဲ့ဘူးလို့ ရခိုင်ပြည်နယ် မဲဆန္ဒနယ် အမှတ် (၁၁) က လွှတ်တော်ကိုယ်စားလှယ် ဒေါ်ထုမေက ပြောဆိုခဲ့ပါတယ်။