စာသင်ကျောင်းတွေမှာ သန့်စင်ခန်း လိုအပ်ချက် မြင့်မားနေတယ်လို့ ဝန်ကြီးပြော

0
10

Unicode Version

မြန်မာနိုင်ငံက စာသင်ကျောင်းတွေမှာ သန့်စင်ခန်း လိုအပ်ချက် အများဆုံး ဖြစ်နေတဲ့ တိုင်းနဲ့ပြည်နယ် ငါးခု ရှိနေတယ်လို့ ပညာရေးဝန်ကြီး ဒေါက်တာ မျိုးသိမ်းကြီးက ပြောပါတယ်။

နေပြည်တော် Myanmar Convention Center (MCC) 2 မှာ ပြုလုပ်တဲ့ ကမ္ဘာ့ရေအိမ်များနေ့ အခမ်းအနားမှာ ပညာရေးဝန်ကြီး ဒေါက်တာ မျိုးသိမ်းကြီးက ပြောဆိုခဲ့တာပါ။

သန့်စင်ခန်းနဲ့ ကျောင်းသူ ကျောင်းသား အချိုးဟာ ၅၀ ဦးမှာ အိမ်သာတစ်လုံးနှုန်း ဖြစ်ပြီး လိုအပ်ချက် အများဆုံးဖြစ်နေတဲ့ တိုင်းနဲ့ ပြည်နယ်တွေကတော့ ကချင်ပြည်နယ်၊ ရခိုင်ပြည်နယ်၊ ပဲခူးတိုင်းအရှေ့ပိုင်း၊ နေပြည်တော်နဲ့ ကယားပြည်နယ်တို့ ဖြစ်တယ်လို့ ပညာရေးဝန်ကြီး ဒေါက်တာ မျိုးသိမ်းကြီးက ပြောပါတယ်။

Zawgyi Version