လားရှိုးမြို့ပေါ်ရှိ လူနေရပ်ကွက်အတွင်းကို TNLA က ရှော့ခ်တိုက် ဒုံးတွေနဲ့ နှောင့်ယှက်ပစ်ခတ်

0
33

Unicode Version

ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးမြို့၊ ရပ်ကွက် (၉) အတွင်းရှိ လူနေအိမ်တွေအတွင်းကို နိုဝင်ဘာလ ၁၆ ရက်နေ့က TNLA တအာင်းအဖွဲ့က ရှော့ခ်တိုက် ဒုံးတွေနဲ့ လာရောက်နှောင့်ယှက် ပစ်ခတ်ခဲ့ပါတယ်။

လားရှိုးမြို့၊ ရပ်ကွက် (၉) အတွင်းရှိ လူနေအိမ်တွေ အတွင်းကို TNLA အဖွဲ့က လားရှိုးမြို့ရဲ့ အနောက်မြောက်ဘက် မီတာ ၂ဝဝဝ ခန့် အကွာအဝေးရှိ ပညာရေးကောလိပ်အနီး ဗြုန်းတောင် နေရာကနေ (၁ဝရ) မမ ရှော့ခ်တိုက် ဒုံးတွေနဲ့ လာရောက်နှောင့်ယှက် ပစ်ခတ်ခဲ့တာ ဖြစ်ပါတယ်။

ပစ်ခတ်မှုကြောင့် ရပ်ကွက် (၉) အတွင်းရှိ နယ်မြေ (၁)၊ ခေးနင်း လမ်းသွယ် (၅) ရှိ နေအိမ်နဲ့ ခေးနင်းလမ်းသွယ် (၈)၊ ရိုးမရတနာ အစာစက်ရုံအနီးနဲ့ နယ်မြေ (၃)၊ အောင်သပြေ လမ်းသွယ် (၁) ရှိ ဂေါ်ရခါးစိုက်ခင်း အတွင်းနဲ့ ခေးနင်းလမ်းသွယ် (၄) ရှိ နေအိမ်အပါအဝင် လေယာဉ်ကွင်းအနီးမှာ ကျရောက် ပေါက်ကွဲခဲ့ပြီး နေအိမ် ခြံစည်းရိုးတွေနဲ့ မော်တော်ယာဉ်တစ်စီး ပျက်စီးခဲ့ပါတယ်။ အစာစက်ရုံမှ ဝန်ထမ်း အမျိုးသမီးတစ်ဦးလည်း ထိခိုက် ဒဏ်ရာရရှိခဲ့တယ်။

ပစ်ခတ်တဲ့နေရာကို တပ်မတော်စစ်ကြောင်းတွေက သွားရောက်စစ်ဆေးခဲ့ရာ မပစ်ခတ်ရသေးတဲ့ (၁ဝရ) မမ ရှော့ခ်တိုက်ဒုံးသီး နှစ်လုံးနဲ့ ပစ်ခတ်ခဲ့တဲ့ ဗုံးသီးအခွံ နောက်ပိတ် ခြောက်ခု၊ ဘက်ထရီ ၁၂ ဗို့ အသေးတစ်လုံးနဲ့ ဝါယာကြိုး ပေ ၅ဝ တို့ကို သိမ်းဆည်းရမိခဲ့တာ ဖြစ်ကြောင်း တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ရုံးက သတင်းထုတ်ပြန်ထားပါတယ်။

Zawgyi Version

လားရှိုးမြို့ပေါ်ရှိ လူနေရပ်ကွက်အတွင်းကို TNLA က  ရှော့ခ်တိုက် ဒုံးတွေနဲ့ နှောင့်ယှက်ပစ်ခတ်  

ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးမြို့၊ ရပ်ကွက် (၉) အတွင်းရှိ လူနေအိမ်တွေအတွင်းကို နိုဝင်ဘာလ ၁၆ ရက်နေ့က TNLA တအာင်းအဖွဲ့က ရှော့ခ်တိုက် ဒုံးတွေနဲ့  လာရောက်နှောင့်ယှက် ပစ်ခတ်ခဲ့ပါတယ်။ 

လားရှိုးမြို့၊ ရပ်ကွက် (၉) အတွင်းရှိ လူနေအိမ်တွေ အတွင်းကို TNLA အဖွဲ့က လားရှိုးမြို့ရဲ့ အနောက်မြောက်ဘက် မီတာ ၂ဝဝဝ ခန့် အကွာအဝေးရှိ ပညာရေးကောလိပ်အနီး ဗြုန်းတောင် နေရာကနေ (၁ဝ၇) မမ ရှော့ခ်တိုက် ဒုံးတွေနဲ့ လာရောက်နှောင့်ယှက် ပစ်ခတ်ခဲ့တာ ဖြစ်ပါတယ်။

ပစ်ခတ်မှုကြောင့် ရပ်ကွက် (၉) အတွင်းရှိ နယ်မြေ (၁)၊ ခေးနင်း လမ်းသွယ် (၅) ရှိ နေအိမ်နဲ့ ခေးနင်းလမ်းသွယ် (၈)၊ ရိုးမရတနာ အစာစက်ရုံအနီးနဲ့ နယ်မြေ (၃)၊ အောင်သပြေ လမ်းသွယ် (၁) ရှိ ဂေါ်ရခါးစိုက်ခင်း အတွင်းနဲ့ ခေးနင်းလမ်းသွယ် (၄) ရှိ နေအိမ်အပါအဝင် လေယာဉ်ကွင်းအနီးမှာ ကျရောက် ပေါက်ကွဲခဲ့ပြီး နေအိမ် ခြံစည်းရိုးတွေနဲ့ မော်တော်ယာဉ်တစ်စီး ပျက်စီးခဲ့ပါတယ်။ အစာစက်ရုံမှ ဝန်ထမ်း အမျိုးသမီးတစ်ဦးလည်း ထိခိုက် ဒဏ်ရာရရှိခဲ့တယ်။

ပစ်ခတ်တဲ့နေရာကို တပ်မတော်စစ်ကြောင်းတွေက သွားရောက်စစ်ဆေးခဲ့ရာ မပစ်ခတ်ရသေးတဲ့ (၁ဝ၇) မမ ရှော့ခ်တိုက်ဒုံးသီး နှစ်လုံးနဲ့ ပစ်ခတ်ခဲ့တဲ့  ဗုံးသီးအခွံ နောက်ပိတ် ခြောက်ခု၊ ဘက်ထရီ ၁၂ ဗို့ အသေးတစ်လုံးနဲ့ ဝါယာကြိုး ပေ ၅ဝ တို့ကို သိမ်းဆည်းရမိခဲ့တာ ဖြစ်ကြောင်း တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ရုံးက သတင်းထုတ်ပြန်ထားပါတယ်။