ငလျင်ကြောင့် တိမ်းစောင်းသွားတဲ့ တိုက် ၈ လုံးကို ပြန်လည်တည့်မတ်မယ်

0
37

Unicode Version

ရန်ကုန်မြို့အတွင်း ငလျင်လှုပ်ခတ်ပြီးနောက် သတ်မှတ်အတိုင်းအတာထက် ကျော်လွန်ပြီး တိမ်းစောင်းသွားတဲ့ တိုက် ၈ လုံးကို ပြန်လည်တည့်မတ်သွားမယ်လို့ ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကေ်ာမတီ အတွင်းရေးမှူး ဒေါ်လှိုင်မော်ဦးက ပြောပါတယ်။

လက်ရှိမှာ အခုလအတွင်း ရုတ်တရက် လှုပ်ခတ်ခဲ့တဲ့ ငလျင်ကြောင့် ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကေ်ာမတီ (YCDC) က ရန်ကုန်မြို့ရှိ တိုက်အလုံး ၂၀ ကို ပြန်လည်စစ်ဆေးခဲ့တာ ဖြစ်ပြီး အဲဒီထဲက တိုက် ရှစ်လုံးကိုတော့ ပြန်လည် တည့်မတ်သွားမှာ ဖြစ်ပါတယ်။

တိမ်းစောင်းသွားတဲ့ တိုက်တွေကတော့ ရန်ကုန်မြို့၊ ပုဇွန်တောင်မြို့နယ်မှာ ၁ လုံး၊ သင်္ကန်းကျွန်းမြို့နယ်မှာ ၁ လုံး၊ ဒေါပုံမြို့နယ်မှာ ၂ လုံးနဲ့ တာမွေမြို့နယ်မှာ ၄ လုံးကို ပြန်လည်တည့်မတ်သွားမှာ ဖြစ်ကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီရဲ့ အင်ဂျင်နီယာနဲ့ လမ်းနဲ့တံတားဌာနက ဒုဌာနမှူး ဦးဇော်ဝင်းက ပြောပါတယ်။

Zawgyi Version