ကမ္ဘာ့ဖလားနဲ့ အာရှဖလား ဒုတိယ ခြေစစ်ပွဲမှာ မြန်မာနဲ့ မွန်ဂိုလီးယား အသင်းတို့ ထပ်တွေ့မယ်

0
62

Unicode Version

၂၀၂၂ ကမ္ဘာ့ဖလားနဲ့ ၂၀၁၃ အာရှဖလား ဒုတိယအဆင့် ခြေစစ်ပွဲအုပ်စုပွဲစဉ် (၆) ကို နိုဝင်ဘာလ ၁၉ ရက်မှာ ဆက်လက်ကျင်းပမှာ ဖြစ်ပြီး မြန်မာအသင်းဟာ ပထမအကျော့မှာ အရေးနိမ့်ထားတဲ့ မွန်ဂိုလီးယားအသင်းနဲ့ ထပ်မံ ယှဉ်ပြိုင်ကစားရမှာ ဖြစ်ပါတယ်။

မြန်မာအသင်းနဲ့ မွန်ဂိုလီးယားအသင်းတို့ဟာ နိုဝင်ဘာလ ၁၉ ရက်နေ့ ညနေ ၅ နာရီမှာ မန္တလေးမြို့ရှိ မန္တလာသီရိကွင်းမှာ ယှဉ်ပြိုင်ကစားမှာပါ။ မြန်မာအသင်းဟာ ၂၀၂၂ ကမ္ဘာ့ဖလား ဒုတိယအဆင့် ခြေစစ်ပွဲမှာ မွန်ဂိုလီယားနဲ့ အဝေးကွင်းမှာ ယှဉ်ပြိုင်စဉ် မြန်မာအသင်းက တစ်ဂိုး-ဂိုးမရှိနဲ့ ရှုံးနိမ့်ထားတာ ဖြစ်ပါတယ်။

မွန်ဂိုလီးယား အသင်းကို ရှုံးကြွေးပြန်ဆပ်မယ်လို့ မြန်မာအသင်း နည်းပြချုပ် အန်တွမ်နီဟေးက မန္တလေးမြို့ရှိ Pullman ဟိုတယ်မှာ နိုဝင်ဘာလ ၁၈ ရက်နေ့က ကျင်းပတဲ့ မြန်မာ-မွန်ဂိုလီးယား ပွဲကြို သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။

Zawgyi Version

(Data Credit to MOH & COVID-19 Myanmar Surveillance dataset By Ko Kyaw Myint Oo and Dr Nyein Chan Ko Ko) COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)