ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ထိုင်းသင်္ဘော တည်ဆောက်ရေး ကုမ္ပဏီကို သွားရောက်လေ့လာ

0
73

Unicode Version

ထိုင်းနိုင်ငံကို ရောက်ရှိနေတဲ့ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ဟာ နိုဝင်ဘာလ ၁၇ ရက်နေ့က ဘန်ကောက်မြို့ရှိ သင်္ဘောတည်ဆောက်ရေး ကုမ္ပဏီ Marsun Public ကုမ္ပဏီ လီမိတက်ကို သွားရောက်လေ့လာခဲ့ပါတယ်။ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ဟာ အာဆီယံနိုင်ငံတွေရဲ့ ကာကွယ်ရေးနှင့် လုံခြုံရေးဆိုင်ရာ ပြပွဲ တက်ရောက်ဖို့ ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ကို ရောက်ရှိနေတာပါ။

Marsun Public ကုမ္ပဏီ လီမိတက်ကို ၁၉၈၀ ပြည့်နှစ်မှာ စတင် တည်ထောင်တာဖြစ်ပြီး သင်္ဘောတည်ဆောက်ရေးနဲ့ ပြင်ဆင်ရေး လုပ်ငန်းတွေကို လုပ်ဆောင်ပါတယ်။ ခရီးသည်တင် သင်္ဘော၊ ကမ်းတက်ရေယာဉ်၊ ရွက်လှေနဲ့ ကင်းလှည့် အမြန်ရေယာဉ်တွေ အပါအဝင် သင်္ဘောပေါင်း ၃၁၀ ကျော်ကို ထုတ်လုပ် ရောင်းချခဲ့ပြီး ဖြစ်ပါတယ်။

တပ်မတော်ဟာ တောင်ကိုရီးယားနိုင်ငံရှိ ဒေဆွန် သင်္ဘော သင်္ဘောတည်ဆောက်ရေးနှင့် အင်ဂျင်နီယာ ကုမ္ပဏီ လီမိတက်ဆီကနေ ကမ်းထိုးရေယာဉ်သစ် တစ်စီးကို မှာယူခဲ့ပြီး သင်္ဘော တည်ဆောက်ပြီးစီးလို့ မြန်မာနိုင်ငံကို လာရောက်နေပြီ ဖြစ်ပါတယ်။

Zawgyi Version