ဦးဝှေ့တင်းကို ဖမ်းဆီးတာဟာ ချင်းပြည်သူတစ်ရပ်လုံးကို စော်ကားရာ ရောက်တယ်လို့ ဝေဖန်

0
13

Unicode Version

ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်က အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးဝှေ့တင်းကို ဖမ်းဆီးတာဟာ ချင်ပြည်သူ တစ်ရပ်လုံးကို စော်ကားရာ ရောက်တယ်လို့ မတူပီမဲဆန္ဒနယ်က ချင်းလွှတ်တော်ကိုယ်စားလှယ် ဦးပါထန်းက ပြောကြားလိုက်ပါတယ်။

နိုဝင်ဘာလ ၁၈ ရက်နေ့က ပြည်ထောင်စုလွှတ်တော်မှာ ပြုလုပ်တဲ့ AA ရခိုင်လက်နက်ကိုင် အဖွဲ့ရဲ့ ဖမ်းဆီးတာကို ခံထားရတဲ့ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးဝှေ့တင်း ကိစ္စကို ဆွေးနွေရာမှာ အခုလို ထည့်သွင်းပြောကြားခဲ့တာပါ။

ဦးဝှေ့တင်းဟာ ပြည်သူက ရွေးချယ်ထားတဲ့ လွှတ်တော်ကိုယ်စားလှယ် ဖြစ်တာကြောင့် အခုလို AA အဖွဲ့က ဖမ်းဆီးသွားတာဟာ ပြည်သူတစ်ရပ်လုံးကို မလေးစားရာ၊ စော်ကားရာ ရောက်တဲ့အပြင် ချင်းလူမျိုးနဲ့ ချင်းပြည်သူ တစ်ရပ်လုံးကိုလည်း စော်ကားရာရောက်ကြောင်း လွှတ်တော်ကိုယ်စားလှယ် ဦးပါထန်းက ပြောခဲ့ပါတယ်။

Zawgyi Version

ဦးဝှေ့တင်းကို ဖမ်းဆီးတာဟာ ချင်းပြည်သူတစ်ရပ်လုံးကို စော်ကားရာ ရောက်တယ်လို့ ဝေဖန်

ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်က အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးဝှေ့တင်းကို ဖမ်းဆီးတာဟာ ချင်ပြည်သူ တစ်ရပ်လုံးကို စော်ကားရာ ရောက်တယ်လို့ မတူပီမဲဆန္ဒနယ်က ချင်းလွှတ်တော်ကိုယ်စားလှယ် ဦးပါထန်းက ပြောကြားလိုက်ပါတယ်။

နိုဝင်ဘာလ ၁၈ ရက်နေ့က ပြည်ထောင်စုလွှတ်တော်မှာ ပြုလုပ်တဲ့ AA ရခိုင်လက်နက်ကိုင် အဖွဲ့ရဲ့ ဖမ်းဆီးတာကို ခံထားရတဲ့ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးဝှေ့တင်း ကိစ္စကို ဆွေးနွေရာမှာ အခုလို ထည့်သွင်းပြောကြားခဲ့တာပါ။ ဦးဝှေ့တင်းဟာ ပြည်သူက ရွေးချယ်ထားတဲ့ လွှတ်တော်ကိုယ်စားလှယ် ဖြစ်တာကြောင့် အခုလို AA အဖွဲ့က ဖမ်းဆီးသွားတာဟာ ပြည်သူတစ်ရပ်လုံးကို မလေးစားရာ၊ စော်ကားရာ ရောက်တဲ့အပြင် ချင်းလူမျိုးနဲ့ ချင်းပြည်သူ တစ်ရပ်လုံးကိုလည်း စော်ကားရာရောက်ကြောင်း လွှတ်တော်ကိုယ်စားလှယ် ဦးပါထန်းက ပြောခဲ့ပါတယ်။