ဒေါင်းတို့ မျိုးဆက်အဖွဲ့ဝင်တွေအပေါ် စွဲချက်နဲ့ အရေးယူမှုတွေ ရုပ်သိမ်းဖို့ HRW ပြော

0
12

Unicode Version

ဗိုလ်တထောင် တရားရုံးက ဒေါင်းတို့ မျိုးဆက် အဖွဲ့ဝင် ခြောက်ဦးကို အလုပ်နဲ့ ထောင်ဒဏ် တစ်နှစ် ချမှတ်လိုက်တဲ့အပေါ် လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်ကို ချိုးဖောက်ရာ ရောက်တဲ့အတွက် မြန်မာ အာဏာပိုင်တွေအနေနဲ့ စွဲချက်အားလုံးကို ပယ်ဖျက်ဖို့နဲ့ အရေးယူထားတာတွေကို ရုပ်သိမ်းဖို့ လူ့အခွင့်အရေး စောင့်ကြည့်ရေးအဖွဲ့ (HRW) တိုက်တွန်းလိုက်ပါတယ်။

နိုင်ငံတော် အကြည်ညို ပျက်စေမှု ပုဒ်မ ၅၀၅ (က) နဲ့ အလုပ်နဲ့ထောင်ဒဏ် တစ်နှစ်ချမှတ်ခံထားရသူတွေကတော့ ဒေါင်းတို့ မျိုးဆက် သံချပ်အဖွဲ့ဝင်တွေ ဖြစ်ကြတဲ့ ကိုဇေယျာလွင်၊ ကိုပိုင်ရဲသူ၊ ကိုပိုင်ဖြိုးမင်း၊ ကိုဇော်လင်းထွဋ်၊ မကေခိုင်ထွန်းနဲ့ မဆုရတနာမြင့်တို့ ဖြစ်ပါတယ်။

သံချပ်အဖွဲ့ဝင်တွေအပေါ် မြန်မာတပ်မတော်ရဲ့ အဓိပ္ပာယ်မရှိတဲ့ ခြိမ်းခြောက်ဖို့ အားထုတ်မှုက အသံတိတ် ဝေဖန်မှုတွေကို ထိုးနှက်ကြောင်း ပြသနေတာဖြစ်တယ်လို့ HRW ရဲ့ လက်ထောက် အာရှရေးရာ ဒါရိုက်တာ ဖီးလ် ရောဘတ်ဆန်က ပြောပါတယ်။

ဒေါင်းတို့ မျိုးဆက်အဖွဲ့ဟာ ပြီးခဲ့တဲ့ အောက်တိုဘာလ ၃၀ ရက်နေ့ကလည်း ပုဒ်မ ၅၀၅ (က) နဲ့ အလုပ်နဲ့ထောင်ဒဏ် တစ်နှစ် ချမှတ်ခံထားရပြီး နောက်ထပ် ဖျာပုံ၊ ဒေးဒရဲ၊ မအူပင်နဲ့ ပုသိမ်တို့မှာ စွဲထားတဲ့ အမှုတွေကိုလည်း ဆက်လက် ရင်ဆိုင်ရဦးမှာ ဖြစ်ပါတယ်။

Zawgyi Version

 ဒေါင်းတို့ မျိုးဆက်အဖွဲ့ဝင်တွေအပေါ် စွဲချက်နဲ့ အရေးယူမှုတွေ ရုပ်သိမ်းဖို့ HRW ပြော

ဗိုလ်တထောင် တရားရုံးက ဒေါင်းတို့ မျိုးဆက် အဖွဲ့ဝင် ခြောက်ဦးကို အလုပ်နဲ့ ထောင်ဒဏ် တစ်နှစ် ချမှတ်လိုက်တဲ့အပေါ် လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်ကို ချိုးဖောက်ရာ ရောက်တဲ့အတွက် မြန်မာ အာဏာပိုင်တွေအနေနဲ့ စွဲချက်အားလုံးကို ပယ်ဖျက်ဖို့နဲ့ အရေးယူထားတာတွေကို ရုပ်သိမ်းဖို့ လူ့အခွင့်အရေး စောင့်ကြည့်ရေးအဖွဲ့ (HRW) တိုက်တွန်းလိုက်ပါတယ်။

နိုင်ငံတော် အကြည်ညို ပျက်စေမှု ပုဒ်မ ၅၀၅ (က) နဲ့ အလုပ်နဲ့ထောင်ဒဏ် တစ်နှစ်ချမှတ်ခံထားရသူတွေကတော့ ဒေါင်းတို့ မျိုးဆက် သံချပ်အဖွဲ့ဝင်တွေ ဖြစ်ကြတဲ့ ကိုဇေယျာလွင်၊ ကိုပိုင်ရဲသူ၊ ကိုပိုင်ဖြိုးမင်း၊ ကိုဇော်လင်းထွဋ်၊ မကေခိုင်ထွန်းနဲ့ မဆုရတနာမြင့်တို့ ဖြစ်ပါတယ်။

သံချပ်အဖွဲ့ဝင်တွေအပေါ် မြန်မာတပ်မတော်ရဲ့ အဓိပ္ပာယ်မရှိတဲ့ ခြိမ်းခြောက်ဖို့ အားထုတ်မှုက အသံတိတ် ဝေဖန်မှုတွေကို ထိုးနှက်ကြောင်း ပြသနေတာဖြစ်တယ်လို့ HRW ရဲ့ လက်ထောက် အာရှရေးရာ ဒါရိုက်တာ ဖီးလ် ရောဘတ်ဆန်က ပြောပါတယ်။ ဒေါင်းတို့ မျိုးဆက်အဖွဲ့ဟာ ပြီးခဲ့တဲ့ အောက်တိုဘာလ ၃၀ ရက်နေ့ကလည်း ပုဒ်မ ၅၀၅ (က) နဲ့ အလုပ်နဲ့ထောင်ဒဏ် တစ်နှစ် ချမှတ်ခံထားရပြီး နောက်ထပ် ဖျာပုံ၊ ဒေးဒရဲ၊ မအူပင်နဲ့ ပုသိမ်တို့မှာ စွဲထားတဲ့ အမှုတွေကိုလည်း ဆက်လက် ရင်ဆိုင်ရဦးမှာ ဖြစ်ပါတယ်။