IIMM ရဲ့ ပထမဆုံး ဘင်္ဂလားဒေ့ရှ် ခရီးစဉ် ကြေညာချက် ထုတ်ပြန်

0
74

Unicode Version

မြန်မာနိုင်ငံအတွက် လွတ်လပ်သော စုံစမ်းစစ်ဆေးမှု ယန္တရား (IIMM) က နိုဝင်ဘာလ ၉ ရက်နေ့ကနေ ၁၄ ရက်နေ့အထိ ဘင်္ဂလားဒေ့ရှ်နိုင်ငံကို သွားရောက်ခဲ့တဲ့ ခရီးစဉ်မှာ လုပ်ဆောင်ချက်တွေကို ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီးရုံး (OHCHR) က နိုဝင်ဘာလ ၁၈ ရက်နေ့မှာ သတင်းထုတ်ပြန်လိုက်ပါတယ်။

IIMM ကို မစ္စတာ နီကိုလပ်စ် ကွမ်ဂျီယန်က ဦးဆောင် သွားရောက်ခဲ့တာ ဖြစ်ပြီး ကောက်ဘဇားရှိ ဒုက္ခသည်တွေရဲ့ ကိုယ်စားလှယ်တွေ၊ အရပ်ဖက်အဖွဲ့အစည်းတွေနဲ့ လူထုအဖွဲ့ ခေါင်းဆောင်တွေနဲ့ တွေ့ဆုံပြီး IIMM ရဲ့ လုပ်ပိုင်ခွင့်တွေကို ရှင်းပြခဲ့ပါတယ်။ ဒါ့အပြင် ကိုယ်စားလှယ်တွေရဲ့ စိုးရိမ်ပူပန်မှုကို နားထောင်ခဲ့ကြပြီး IIMM နဲ့ ဒုက္ခသည်တွေ ပူးပေါင်းဆောင်ရွက်နိုင်မယ့် နည်းလမ်းတွေကို ဆွေးနွေးခဲ့ပါတယ်။

IIMM ဟာ တရားစီရင်မှု မဟုတ်သလို ဖမ်းဆီးပိုင်ခွင့်လည်း မရှိကြောင်း၊ အလားတူ ဘယ်သူ့ကိုမှ အပြစ်ပေးဖို့လည်း မဟုတ်ကြောင်း၊ မြန်မာနိုင်ငံမှာ ၂၀၁၁ ခုနှစ်ကတည်းက ဖြစ်ပွားခဲ့တဲ့ နိုင်ငံတကာ ဥပဒေချိုးဖောက်မှုနဲ့ ရာဇဝတ်မှုတွေကို အထောက်အထားရှာဖွေတာ၊ လေ့သာသုံးသပ်တာ၊ မှတ်တမ်းတင်တာတွေ လုပ်ဆောင်ပြီး တာဝန်ခံမှု ရှိစေဖို့က အဓိက ရည်ရွယ်ချက်ဖြစ်ကြောင်း အဖွဲ့ခေါင်းဆောင် မစ္စတာ ကွမ်ဂျီယန်က ပြောပါတယ်။

မြန်မာအစိုးရကတော့ IIMM ကိုရော အကြီးအကဲဖြစ်တဲ့ မစ္စတာ ကွမ်ဂျီယန်ကိုပါ လက်မခံကြောင်း ပြောထားပြီး ဖြစ်ပါတယ်။

Zawgyi Version

(Data Credit to MOH & COVID-19 Myanmar Surveillance dataset By Ko Kyaw Myint Oo and Dr Nyein Chan Ko Ko) COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)