ဂမ်ဘီယာနိုင်ငံက ICJ မှာ မြန်မာကို စွဲထားတဲ့အမှု ဒီဇင်ဘာလမှာ ကြားနာမယ်

0
99

Unicode Version

ဘင်္ဂါလီ မွတ်စလင်တွေကို လူမျိုးတုံး သတ်ဖြတ်တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ဂမ်ဘီယာနိုင်ငံ အပြည်ပြည်ဆိုင်ရာ တရားရုံး (ICJ) မှာ စွဲထားတဲ့အမှုကို လာမယ့် ဒီဇင်ဘာလ ၁၀ ကနေ ၁၂ ရက်နေ့အထိ ကြားနာမှာ ဖြစ်တယ်လို့ ICJ က နိုဝင်ဘာလ ၁၉ ရက်နေ့မှာ ကြေညာလိုက်ပါတယ်။

ဒီကြားနာမှုမှာ မွတ်စလင်အများစု နေထိုင်တဲ့ အာဖရိက နိုင်ငံငယ်ဖြစ်တဲ့ ဂမ်ဘီယာက တောင်းဆိုထားတဲ့ မြန်မာအစိုးရကို အရေးယူတားမြစ်တဲ့ ယာယီအမိန့် ထုတ်ပြန်ပေးဖို့ဆိုတဲ့အချက်ကို အဓိကထားမှာဖြစ်ကြောင်း နယ်သာလန်နိုင်ငံ၊ သည်ဟိဂ် အခြေစိုက် ကုလသမဂ္ဂ အမြင့်ဆုံး တရားရုံးဖြစ်တဲ့ ICJ ရဲ့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။

အဖွဲ့ဝင် ၁၅ ဦးပါတဲ့ ICJ တရားသူကြီးတွေရဲ့ ရှေ့မှောက်မှာ ဒီဇင်ဘာလ ၁၀ ရက်နေ့မှာ ဂမ်ဘီယာက လျှောက်လှဲရမှာဖြစ်ပြီး ဒီဇင်ဘာလ ၁၁ ရက်နေ့မှာ မြန်မာဘက်က လျှောက်လှဲရမှာ ဖြစ်ပါတယ်။ ဒီဇင်ဘာလ ၁၂ ရက်နေ့မှာတော့ နှစ်နိုင်ငံလုံးက ဆက်လက်လျှောက်လှဲရမှာ ဖြစ်ပါတယ်။

အစ္စလာမ် နိုင်ငံများ ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ (OIC) က ကျောထောက်နောက်ခံပေးထားတဲ့ ဂမ်ဘီယာနိုင်ငံက နိုင်ငံ ၅၀ ကျော်ကိုယ်စား ICJ မှာ တရားစွဲဖို့ အမှုတင်သွင်းထားတာနဲ့ ပတ်သက်လို့ မြန်မာနိုင်ငံက နိုင်ငံတကာ ဥပဒေကြောင်းအရ တုံ့ပြန်ဆောင်ရွက်နိုင်ဖို့ပဲ လုပ်သွားမယ်လို့ နိုင်ငံတော်သမ္မတရုံးရဲ့ ပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးက ပြောထားပါတယ်။

Zawgyi Version

(Data Credit to MOH & COVID-19 Myanmar Surveillance dataset By Ko Kyaw Myint Oo and Dr Nyein Chan Ko Ko) COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)