မိဘေတြ အေနနဲ႔ ကေလးေတြကို ႐ိုက္ႏွက္ ဆုံးမတာထက္ ရွင္းျပ ဆံုးမဖို႔ လို

0
512

ကေလးသူငယ္ေတြကို ႐ိုက္ႏွက္ဆုံးမတာထက္ အျပဳသေဘာေဆာင္ ရွင္းျပဆုံးမတာေတြကသာ စိတ္ထဲစြဲၿမဲလိုက္နာမႈ ရွိတယ္လို႔ ေတးသံရွင္ အမြန္းက ေျပာပါတယ္။ ဒီသတင္းကိုေတာ့ MCN သတင္းေထာက္ စိုင္းဟန္က ေပးပို႔ထားပါတယ္။

လူႀကီးမိဘေတြအေနနဲ႕ ကေလးသူငယ္ေတြ အမွားက်ဴးလြန္တ့ဲအခါ ႐ိုက္ႏွက္ဆုံးမတာေတြရွိပါတယ္။ ဒီလို႐ိုက္ႏွက္ဆုံးမတာေတြအေပၚ ကေလးသူငယ္ေတြစိတ္ထဲ ျပဳျပင္ဖို႔ မစြဲၿမဲဘဲ အမွန္တကယ္ အျပဳသေဘာေဆာင္ ရွင္းျပဆုံးမတာေတြကသာ လိုက္နာမႈရွိတယ္လို႔ ေတးသံရွင္ အမြန္းက ေျပာပါတယ္။

ႏို၀င္ဘာလ ၁၇ ရက္ေန႔က ရန္ကုန္ၿမိဳ႕႔ သခင္ျမပန္းၿခံမွာ ကေလးမ်ားအား ႐ိုက္ႏွက္ျပစ္ဒဏ္ေပးဆုံးမျခင္း ရပ္တန္႔ေရးဆိုင္ရာ လူထုအသိပညာေပးလႈပ္ရွားမႈကို ျပဳလုပ္ခဲ့တာပါ။

Soundbite – ေတးသံရွင္ႏွင့္ သ႐ုပ္ေဆာင္ အမြန္း

ဒါ့အျပင္ ကေလးသူငယ္ေတြကို ႐ိုက္ႏွက္ဆုံးမတ့ဲအခါ ကေလးသူငယ္ေတြက လိုက္နာမႈမရွိသလို ႐ိုက္ႏွက္ဆုံးမသူေတြအေပၚ အေနစိမ္းသလိုျဖစ္ၿပီး အမွန္တိုင္းေျပာဆိုတာမရွိေတာ့ဘဲ တကယ္တမ္း ၾကင္ၾကင္နာနာ ေျပာဆိုဆုံးမသူေတြ စကားကို လိုက္နာတာေတြရွိတယ္လို႔ အခမ္းအနားတက္ေရာက္လာတ့ဲ မိခင္တစ္ဦးက ေျပာပါတယ္။

Soundbite – ေဒၚခ်ိဳမာ (မေကြးတိုင္းေဒသႀကီး)

ကေလးေတြကို ႐ိုက္ႏွက္ျပစ္ဒဏ္ေပးဆုံးမျခင္း ရပ္တန္႔ေရးဆိုင္ရာ လူထုအသိပညာေပး လႈပ္ရွားမႈမွာ Mister Young Ambassador ကိုလႊမ္းမိုးေအာင္ ကို ကေလးသူငယ္ဆိုင္ရာ သံတမန္အျဖစ္ခန္႔အပ္ခ့ဲပါတယ္။ အ့ဲဒီေနာက္ ေတးသံရွင္ ေစာဖိုးခြား၊ အက္စတာေဒြး၊ ေဂ်ညီမေလး၊ အမြန္း အပါအ၀င္ ေတးသံရွင္ေတြက ေဖ်ာ္ေျဖခဲ့ၾကၿပီး United Act အဖြဲ႔ေတြက “လိုေနတာေမတၱာပါ” ျပဇာတ္ကို တင္ဆက္ေပးခ့ဲၾကပါတယ္ ခင္ဗ်ာ။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

ကလေးသူငယ်တွေကို ရိုက်နှက်ဆုံးမတာထက် အပြုသဘောဆောင် ရှင်းပြဆုံးမတာတွေကသာ စိတ်ထဲစွဲမြဲလိုက်နာမှု ရှိတယ်လို့ တေးသံရှင် အမွန်းက ပြောပါတယ်။ ဒီသတင်းကိုတော့ MCN သတင်းထောက် စိုင်းဟန်က ပေးပို့ထားပါတယ်။

လူကြီးမိဘတွေအနေနဲ့ ကလေးသူငယ်တွေ အမှားကျူးလွန်တဲ့အခါ ရိုက်နှက်ဆုံးမတာတွေရှိပါတယ်။ ဒီလိုရိုက်နှက်ဆုံးမတာတွေအပေါ် ကလေးသူငယ်တွေစိတ်ထဲ ပြုပြင်ဖို့ မစွဲမြဲဘဲ အမှန်တကယ် အပြုသဘောဆောင် ရှင်းပြဆုံးမတာတွေကသာ လိုက်နာမှုရှိတယ်လို့ တေးသံရှင် အမွန်းက ပြောပါတယ်။

နိုဝင်ဘာလ ၁၇ ရက်နေ့က ရန်ကုန်မြို့ သခင်မြပန်းခြံမှာ ကလေးများအား ရိုက်နှက်ပြစ်ဒဏ်ပေးဆုံးမခြင်း ရပ်တန့်ရေးဆိုင်ရာ လူထုအသိပညာပေးလှုပ်ရှားမှုကို ပြုလုပ်ခဲ့တာပါ။

Soundbite – တေးသံရှင်နှင့် သရုပ်ဆောင် အမွန်း

ဒါ့အပြင် ကလေးသူငယ်တွေကို ရိုက်နှက်ဆုံးမတဲ့အခါ ကလေးသူငယ်တွေက လိုက်နာမှုမရှိသလို ရိုက်နှက်ဆုံးမသူတွေအပေါ် အနေစိမ်းသလိုဖြစ်ပြီး အမှန်တိုင်းပြောဆိုတာမရှိတော့ဘဲ တကယ်တမ်း ကြင်ကြင်နာနာ ပြောဆိုဆုံးမသူတွေ စကားကို လိုက်နာတာတွေရှိတယ်လို့ အခမ်းအနားတက်ရောက်လာတဲ့ မိခင်တစ်ဦးက ပြောပါတယ်။

Soundbite – ဒေါ်ချိုမာ (မကွေးတိုင်းဒေသကြီး)

ကလေးတွေကို ရိုက်နှက်ပြစ်ဒဏ်ပေးဆုံးမခြင်း ရပ်တန့်ရေးဆိုင်ရာ လူထုအသိပညာပေး လှုပ်ရှားမှုမှာ Mister Young Ambassador ကိုလွှမ်းမိုးအောင် ကို ကလေးသူငယ်ဆိုင်ရာ သံတမန်အဖြစ်ခန့်အပ်ခဲ့ပါတယ်။ အဲ့ဒီနောက် တေးသံရှင် စောဖိုးခွား၊ အက်စတာဒွေး၊ ဂျေညီမလေး၊ အမွန်း အပါအဝင် တေးသံရှင်တွေက ဖျော်ဖြေခဲ့ကြပြီး United Act အဖွဲ့တွေက “လိုနေတာမေတ္တာပါ” ပြဇာတ်ကို တင်ဆက်ပေးခဲ့ကြပါတယ် ခင်ဗျာ။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)