ထိုင္းႏုိင္ငံကို ျဖတ္္ေက်ာ္ၿပီး မေလးရွားႏုိင္ငံသြားမယ့္ ျမန္မာလုပ္သား ၁၄၅ ဦးအဖမ္းခံရ

0
753

မေလးရွာႏုိင္ငံကုိ သြားေရာက္အလုပ္လုပ္ကိုင္မယ့္ ျမန္မာႏိုင္ငံသား (၁၄၅)ဦးကိုထုိင္းႏုိင္ငံ ရေနာင္း ခရိုင္ ကလပ္ဘူလီၿမိဳ႕နယ္မွာ ေအာက္တိုဘာလ ၁၄ ရက္ေန႔ မနက္ပုိင္းက က ထုိင္းအာဏာပုိင္ေတြက ဖမ္းဆီးခဲ့တာျဖစ္ပါတယ္။

အဲဒီ ဖမ္းဆီးခံရသူေတြဟာ ျမန္မာႏုိင္ငံ ေကာ့ေသာင္းၿမိဳ႕ကေနတဆင့္ စက္ေလွနဲ႔ ခိုး၀င္လာၾကသူေတြျဖစ္ၿပီး ရခိုင္ျပည္နယ္၊ ပဲခူးတုိင္းေဒသႀကီး၊ခ်င္းျပည္နယ္နဲ႔ ဧရာ၀တီတိုင္း ေဒသႀကီး ကျဖစ္ပါတယ္။

ဖမ္းဆီးခံရသူေတြကုိ လက္ရွိမွာ ရေနာင္းၿမိဳ႕ရွိ လူ၀င္မႈႀကီးၾကပ္ေရးအခ်ဳပ္တြင္ယာယီထိန္းသိမ္းထားၿပီး ဖမ္းဆီးခံရသူေတြထဲက လူကုန္ကူးသူေတြ ပါ၀င္မႈရွိမရွိကို ဆက္လက္စစ္ေဆးေနတာျဖစ္ၿပီး စံုစမ္းစစ္ေဆးမႈေတြ ၿပီးစီးပါက ျမန္မာႏုိင္ငံကုိျပန္လည္ပို႔ေဆာင္မွာလည္းျဖစ္ပါတယ္။

မေန႔က ေအာက္တုိဘာလက ၁၆ ရက္ေန႔က ရေနာင္းၿမိဳ႕မွ အလုပ္သမားသံအရာရွိ ဦးေဇာ္မင္းေအာင္ဟာ အဖမ္းဆီးခံရတဲ့ ျမန္မာႏုိင္ငံသားေတြကုိ သြားေရာက္ေတြ႔ဆုံခဲ့ၿပီး လိုအပ္တဲ့အကူအညီေတြ ေပးၿပီး ေနရပ္ျပန္ပုိ႔နုိင္ဖို႔ ထုိင္းလ၀က နဲ႔ေတြ႔ဆုံေဆြးေႏြးခဲ့တာျဖစ္ပါတယ္။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

ထိုင်းနိုင်ငံကိုဖြတ်ကျော်ပြီး မလေးရှားနိုင်ငံသွားမယ့် မြန်မာလုပ်သား ၁၄၅ ဦးအဖမ်းခံရ

မလေးရှာနိုင်ငံကို သွားရောက်အလုပ်လုပ်ကိုင်မယ့် မြန်မာနိုင်ငံသား (၁၄၅)ဦးကိုထိုင်းနိုင်ငံ ရနောင်း ခရိုင် ကလပ်ဘူလီမြို့နယ်မှာ အောက်တိုဘာလ ၁၄ရက်နေ့ မနက်ပိုင်းက က ထိုင်းအာဏာပိုင်တွေက ဖမ်းဆီးခဲ့တာဖြစ်ပါတယ်။

အဲဒီ ဖမ်းဆီးခံရသူတွေဟာ မြန်မာနိုင်ငံ ကော့သောင်းမြို့ကနေတဆင့် စက်လှေနဲ့ ခိုးဝင်လာကြသူတွေဖြစ်ပြီး ရခိုင်ပြည်နယ်၊ ပဲခူးတိုင်းဒေသကြီး၊ချင်းပြည်နယ်နဲ့ ဧရာဝတီတိုင်း ဒေသကြီး ကဖြစ်ပါတယ်။

ဖမ်းဆီးခံရသူတွေကို လက်ရှိမှာ ရနောင်းမြို့ရှိ လူဝင်မှုကြီးကြပ်ရေးအချုပ်တွင်ယာယီထိန်းသိမ်းထားပြီး ဖမ်းဆီးခံရသူတွေထဲက လူကုန်ကူးသူတွေ ပါဝင်မှုရှိမရှိကို ဆက်လက်စစ်ဆေးနေတာဖြစ်ပြီး စုံစမ်းစစ်ဆေးမှုတွေ ပြီးစီးပါက မြန်မာနိုင်ငံကိုပြန်လည်ပို့ဆောင်မှာလည်းဖြစ်ပါတယ်။

မနေ့က အောက်တိုဘာလက ၁၆ ရက်နေ့က ရနောင်းမြို့မှ အလုပ်သမားသံအရာရှိ ဦးဇော်မင်းအောင်ဟာ အဖမ်းဆီးခံရတဲ့ မြန်မာနိုင်ငံသားတွေကို သွားရောက်တွေ့ဆုံခဲ့ပြီး လိုအပ်တဲ့အကူအညီတွေ ပေးပြီး နေရပ်ပြန်ပို့နိုင်ဖို့ ထိုင်းလဝက နဲ့တွေ့ဆုံဆွေးနွေးခဲ့တာဖြစ်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)