ရခုိင္ျပည္နယ္ ဒုကၡသည္အေရး ေအာင္ျမင္ဖို႔ အခ်က္ႏွစ္ခ်က္ပဲ လုိတယ္လို႔ ျပန္/ေဟာင္း ဝန္ႀကီးေျပာ

0
580

ရခိုင္ျပည္နယ္ေျမာက္ပိုင္း ဒုကၡသည္အေရးေအာင္ျမင္ဖုိ႔ အဓိက အခ်က္ ၂ ခ်က္ပဲ လိုတယ္လို႔ ျပန္ၾကားေရးဝန္ႀကီးေဟာင္း ဦးရဲထြဋ္က ေျပာၾကားလိုက္ပါတယ္။

ႏိုဝင္ဘာလ ၁၈ ရက္ေန႔က ျပည္သူ႔ပါတီ ႐ုံးခန္းဖြင့္ပြဲအခမ္းအနားကို တက္ေရာက္ခဲ့စဥ္ မီဒီယာေတြရဲ႕ ေမးျမန္းမႈကို ေျပာၾကားခဲ့တာပါ။

ရခိုင္ျပည္နယ္ေျမာက္ပိုင္း ဒုကၡသည္အေရးေအာင္ျမင္ဖုိ႔ နုိင္ငံသားျဖစ္ေရး တိက်တဲ့ လုပ္ငန္းစဥ္ေတြနဲ႔ ရခုိင္တုိင္းရင္းသားေတြရဲ႕လုံၿခံဳေရး အျပည့္အ၀ေပးနုိင္ဖို႔ လုိအပ္တယ္လို႔ ျပန္ၾကားေရး၀န္ႀကီးေဟာင္း ဦးရဲထြဋ္က ေျပာဆိုခဲ့တာပါ။

အရပ္သားအစုိးရအေနနဲ႔ ဒုကၡသည္ေတြ ျပန္လည္လက္ခံႏုိင္ဖုိ႔ ေဆာင္႐ြက္ေနျခင္းက ၁၉၉၂ခုႏွစ္က ဒုကၡသည္ေတြ ျပန္လည္လက္ခံခဲ့တဲ့ အေျခအေနေတြကို အေျခခံၿပီး ေဆာင္႐ြက္ေနေၾကာင္း တကယ့္ လက္ေတြ႕မွာ ၁၉၉၂ ခုႏွစ္ အေျခအေန၊ ၂၀၁၂ ခုႏွစ္ အေျခအေနေတြနဲ႔ ၂၀၁၇- ၁၈ အေျခအေနဟာ လုံးဝမတူေတာ့ေၾကာင္းလည္း ျပန္ၾကားေရး၀န္ႀကီးေဟာင္း ဦးရဲထြဋ္ကေျပာပါတယ္။

ဒါ့အျပင္ လက္ရွိ ဒုကၡသည္ေတြ လက္ခံေရးကို သူ႔အေနနဲ႔ သေဘာတူညီေၾကာင္းနဲ႔ ျပန္လာခ်င္တဲ့ ဒုကၡသည္ေတြ အတြက္ ဒုကၡသည္ေခါငး္ေဆာင္ေတြနဲ႔ တုိက္ရုိက္စကားေျပာဖို႔လုိအပ္ေၾကာင္းကိုလည္း ေျပာၾကားခဲ့ပါတယ္။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

ရခိုင်ပြည်နယ် ဒုက္ခသည်အရေးအောင်မြင်ဖို့ အချက်နှစ်ချက်ပဲလိုတယ်လို့ ပြန်/ဟောင်း ဝန်ကြီးပြော

ရခိုင်ပြည်နယ်မြောက်ပိုင်း ဒုက္ခသည်အရေးအောင်မြင်ဖို့ အဓိက အချက် ၂ ချက်ပဲ လိုတယ်လို့ ပြန်ကြားရေးဝန်ကြီးဟောင်း ဦးရဲထွဋ်က ပြောကြားလိုက်ပါတယ်။

နိုဝင်ဘာလ ၁၈ ရက်နေ့က ပြည်သူ့ပါတီ ရုံးခန်းဖွင့်ပွဲအခမ်းအနားကို တက်ရောက်ခဲ့စဉ် မီဒီယာတွေရဲ့ မေးမြန်းမှုကို ပြောကြားခဲ့တာပါ။

ရခိုင်ပြည်နယ်မြောက်ပိုင်း ဒုက္ခသည်အရေးအောင်မြင်ဖို့ နိုင်ငံသားဖြစ်ရေး တိကျတဲ့ လုပ်ငန်းစဉ်တွေနဲ့ ရခိုင်တိုင်းရင်းသားတွေရဲ့လုံခြုံရေး အပြည့်အဝပေးနိုင်ဖို့ လိုအပ်တယ်လို့ ပြန်ကြားရေးဝန်ကြီးဟောင်း ဦးရဲထွဋ်က ပြောဆိုခဲ့တာပါ။

အရပ်သားအစိုးရအနေနဲ့ ဒုက္ခသည်တွေ ပြန်လည်လက်ခံနိုင်ဖို့ ဆောင်ရွက်နေခြင်းက ၁၉၉၂ခုနှစ်က ဒုက္ခသည်တွေ ပြန်လည်လက်ခံခဲ့တဲ့ အခြေအနေတွေကို အခြေခံပြီး ဆောင်ရွက်နေကြောင်း တကယ့် လက်တွေ့မှာ ၁၉၉၂ ခုနှစ် အခြေအနေ၊ ၂၀၁၂ ခုနှစ် အခြေအနေတွေနဲ့ ၂၀၁၇- ၁၈ အခြေအနေဟာ လုံးဝမတူတော့ကြောင်းလည်း ပြန်ကြားရေးဝန်ကြီးဟောင်း ဦးရဲထွဋ်ကပြောပါတယ်။

ဒါ့အပြင် လက်ရှိ ဒုက္ခသည်တွေ လက်ခံရေးကို သူ့အနေနဲ့ သဘောတူညီကြောင်းနဲ့ ပြန်လာချင်တဲ့ ဒုက္ခသည်တွေ အတွက် ဒုက္ခသည်ခေါငး်ဆောင်တွေနဲ့ တိုက်ရိုက်စကားပြောဖို့လိုအပ်ကြောင်းကိုလည်း ပြောကြားခဲ့ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)