
0
775

အိန္ဒိယနိုင်ငံထဲကို ရူးပီးငွေ သန်း (၃၀) တန်ဖိုးရှိ မြန်မာနိုင်ငံက ရွှေချောင်းတွေ သယ်ဆောင်မှုအတွက် အနောက်ဘန်ဂေါပြည်နယ်သားတစ်ဦးကို ဖမ်းဆီးခဲ့တယ်လို့ DRI အိန္ဒိယ အခွန်ဘဏ္ဍာဆိုင်ရာ ထောက်လှမ်းရေးဌာနက နိုဝင်ဘာလ ၁၈ ရက်နေ့က ပြောပါတယ်။



>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

မြန်မာနိုင်ငံက တရားမဝင် တင်သွင်းလာတဲ့ ရွှေချောင်းတွေ အိန္ဒိယမှာ ဖမ်းမိ

အိန္ဒိယနိုင်ငံထဲကို ရူးပီးငွေ သန်း (၃၀) တန်ဖိုးရှိ မြန်မာနိုင်ငံက ရွှေချောင်းတွေ သယ်ဆောင်မှုအတွက် အနောက်ဘန်ဂေါပြည်နယ်သားတစ်ဦးကို ဖမ်းဆီးခဲ့တယ်လို့ DRI အိန္ဒိယ အခွန်ဘဏ္ဍာဆိုင်ရာ ထောက်လှမ်းရေးဌာနက နိုဝင်ဘာလ ၁၈ ရကနေ့က ပြောပါတယ်။

အလေးချိန် ၉.၂ ကီလိုဂရမ်ရှိတဲ့ ရွှေချောင်း ၅၆ ချောင်းကို သယ်ဆောင်လာတဲ့ ပူဘာ ပါရာ ကို နယူး ဂျာပိုင်းဂူရီ ရထားဘူတာမှာ ဖမ်းမိခဲ့တာဖြစ်ပြီး ရွှေချောင်းတွေကို အထူးချုပ်လုပ်ထားတဲ့ ခါးပတ်နဲ့ အားကစားဖိနပ်တွေထဲမှာ ထည့်ပြီးသယ်ဆောင်လာတာ ဖြစ်တယ်လို့ ပြောပါတယ်။

အဲဒီရွှေချောင်းတွေကို မြန်မာနိုင်ငံနယ်စပ် မဏိပူရပြည်နယ်ကနေ အနောက်ဘန်ဂေါပြည်နယ်ကို သယ်ဆောင်လာစဉ် အခုလို ဖမ်းဆီးခဲ့တာဖြစ်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)